၀န်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ် သက်သေများကို မေ ၁၀ ရုံးချိန်း အပြီးစစ်မည်

0
813

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ် သက်သေများကို မေလ ၁၀ ရက်နေ့ ရုံးချိန်းတွင် အပြီးစစ်ဆေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် ရုံးထံမှ သိရသည်။

အမှု၏ ၅၁ ကြိမ်မြောက်ရုံးချိန်းဖြစ် မည့် မတ်လ ၁၀ ရက်နေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို အပြီးစစ်ဆေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရား လွှတ်တော်ရုံး သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။

အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ၏ ရှေ့နေများ က တင်ပြထားရာ မတ်လ ၃ ရက်နေ့ရုံး ချိန်းအထိ ၁၈ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ် သည်။

ပြန်ခေါ်သက်သေများအနက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကို စွဲချက်တင်ခံထားရသူများ၏ အကျိုးဆောင် ရှေ့နေများက ပယ်ဖျက် ရန် ရုံးတော်သို့ တင်ပြခဲ့ပြီးဖြစ်သဖြင့် ပြန်ခေါ်သက်သေ လေးဦးသာ စစ်ဆေး ရန် ကျန်ရှိတော့သည်။

“အဲဒီလေးဦးစလုံး လာရောက်ခဲ့ မယ်ဆိုရင်တော့ အဲဒီရုံးချိန်းမှာ အပြီး သတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇော်မင်းနိုင်က ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ – ၅၅ ဖြင့် အမှု လေးခု စွဲချက်တင်ထားပြီး ယင်း အမှု လေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ကာ ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၅/၆၃ ဖြင့် ဇန်နဝါရီလ ၂၁ ရက် က စွဲချက်တင်ထားသည်။

မတ်လ ၃ ရက် ရုံးချိန်းတွင် ပြန် ခေါ်သက်သေ ၅ ဦးကို အထက်ပါအမှုများ အတွက် စစ်ဆေးခဲ့သည်။

နောက်ရုံးချိန်းဖြစ်သည့် မတ်လ ၁၀ ရက်တွင် လမ်းဦးစီးဌာန တိုင်းဦးစီးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းမင်းထွဋ်၊ F22 ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဆန်နီ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်း၊ ကော့သောင်းခရိုင် မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝဏ္ဍထွန်းတို့ကို စစ်ဆေးမည်ဖြစ် ကြောင်း တိုင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။

ကိုဇော်