ထားဝယ် အ.ထ.က (၁) တွင် နွေရာသီ ဘင်ခရာသင်တန်း ဖွင့်မည်

0
859

ထားဝယ် အ.ထ.က (၁) ကျောင်း တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသားများကို ဘင်ခရာ (မွမ်းမံ) သင်တန်း ပေးမည်ဖြစ်ကြောင်း ဘင်ခရာကော်မတီထံမှ သိရသည်။

ထားဝယ် အ.ထ.က(၁) ကျောင်းအုပ် ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဘင်ခရာတီးဝိုင်းတည်ထောင်ချင်သည် ဆိုသဖြင့် ထားဝယ်ကြက်ခြေနီအသင်းမှ နည်းပညာပေး သင်ကြားပေးခြင်းဖြစ် ကြောင်း ဘင်ခရာကော်မတီအဖွဲ့ဝင်ဖြစ် သူ ဦးကိုကိုနိုင်က ပြောသည်။

“မနှစ်ကတော့ အခြေခံ၊ ဒီနှစ် ကတော့ မွမ်းမံပေါ့” ဟု ဦးကိုကိုနိုင်က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဘင်ခရာအခြေခံသင်တန်းပေးပြီးဖြစ်သောကြောင့် ယခုနှစ်တွင် ဘင်ခရာ (မွမ်းမံ)သင်တန်း ဆက်လက်ပေးခြင်း ဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောသည်။

သင်တန်းကို ပဉ္စမတန်းမှ နဝမတန်း အထိ ကျောင်းသူ ကျောင်းသားများ တက်ရောက်မည်ဖြစ်ပြီး လက်ရှိ စာရင်း ပေးထားသူ ၇၀ ဦးခန့်ရှိကာ သင်တန်း ဖွင့်ချိန်တွင် ၁၀ဝ ကျော်ခန့် ရှိနိုင်မည်ဖြစ် ကြောင်း ထားဝယ် အ.ထ.က(၁) ကျောင်း အကျိုးတော်ဆောင် ဦးအောင်မိုးသူ ပြော သည်။

“သားငယ်တွေ တခြားနားကိုလည်း စိတ်မရောက်အောင်၊ ပြီးရင် ပညာရပ် တစ်ခုကိုလည်း တတ်ကျွမ်း အောင်ပေါ့၊ လက်ရှိကတော့ ကျောင်းအနေနဲ့ တပ်ဖွဲ့ တစ်ခုဖြစ်သွားအောင်” ဟု ဦးအောင်မိုးသူ က ဆိုသည်။

ထားဝယ်တွင် ကျောင်းဖွင့်ပွဲ၊ လမ်း ဖွင့်ပွဲ၊ အဆောက်အအုံဖွင့်ပွဲနှင့် အခမ်း အနားများတွင် ဘင်ခရာအဖွဲ့ တစ်ဖွဲ့သာ ရှိသဖြင့် ရက်တိုက်နေပါက ဘင်ခရာ တီးဝိုင်းအခက်အခဲရှိသဖြင့် ကျောင်း တိုင်းတွင် ဘင်ခရာအဖွဲ့များတည်ထောင် နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

နွေရာသီ ဘင်ခရာ(မွမ်းမံ)သင်တန်း ကို ထားဝယ် အ.ထ.က(၁)တွင် မတ်လ ၂၂ ရက်မှ ဧပြီလ ၁၀ ရက်အထိ သင်တန်း ပေးသွားမည်ဖြစ်ကြောင်း ဘင်ခရာ ကော်မတီထံမှ သိရသည်။

မိုးမြင့်