တစ်နှစ်အတွင်း နိုင်ငံကူးလက်မှတ်လုပ်သူ တစ်သောင်းကျော်ရှိ

0
1717

ယမန်နှစ်က နိုင်ငံကူးလက်မှတ် (Passport) လုပ်သူ တစ်သောင်းကျော် (၁၃၂၅၅ ဦး) ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ(ထားဝယ်) ထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်လာလုပ်သူ အများစုမှာ အလည်အပတ် (PV)နိုင်ငံကူး လက်မှတ်လျှောက်ထားသူက ပိုများပြီး အလုပ်အကိုင်(PJ) လုပ်သူက နည်းကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(ထားဝယ်)မှ ဒုရဲမှူးဆန်းဝင်းညွန့်က ဆိုသည်။

“ဒီမှာက ဘုရားဖူးအဖွဲ့တွေများတော့ အလည်များပါတယ်”ဟု ဒုရဲမှူး ဆန်းဝင်းညွန့်က ပြောသည်။

နိုင်ငံကူးလက်မှတ်ကို စတင်လျှောက် ထားချိန်မှ ၁၀ ရက်အကြာတွင် ထုတ်ပေး နေပြီး PV အတွက် ငွေကျပ် ၂၅၀၀၀ ကျသင့်မည်ကာ ရုံးရှေ့တွင် တရားဝင်ကြေညာထားကြောင်း ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ၁၂၁၃၀ ဦးကို ထုတ်ပေး ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံကူးလက်မှတ် တစ်ထောင်ကျော် ပိုထုတ်ပေးနိုင်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့တွင် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းလုပ်ပေး သည့်အတွက် ယင်းကဲ့သို့ ပိုလာခြင်းဖြစ် ကြောင်း ဒုရဲမှူးဆန်းဝင်းညွန့်က ပြောသည်။

နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် လျှောက်ထားသူ၏ မျက်ကြည်လွှာ ပုံရိပ်ဖတ်ခြင်းနှင့် လက် ၁၀ ချောင်းစလုံး ၏ လက်ဗွေယူခြင်းများ လုပ်ဆောင်သည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားပါ က မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်း တို့ လိုအပ်ကြောင်း အထက်ပါ ရုံးခွဲထံမှ သိရသည်။

ကော့သောင်းတွင်လည်း နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ထားသည်။

ကိုဇော်