ထားဝယ်မြို့သစ်လယ်သမား အသနားခံစာတင်

0
553

ထားဝယ်မြို့နယ် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထားဝယ်မြို့နယ် တရားရုံးတွင် စွဲဆိုသည့်အမှုများ အားလုံး ကို ရုပ်သိမ်းပေးပါရန် တိုင်းအစိုးရအဖွဲ့ထံ ဒီဇင်ဘာလ ၃ ရက်က အသနားခံစာ ပို့ထားကြောင်း တရားစွဲဆိုခံထားရသူ ဦးကြူလွင်က ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အမည်ဖြင့် ဂရမ်ပေါက်နေသည့် ထားဝယ် မြို့ ဆန်းချီတိုးချဲ့မြို့သစ်လမ်းရှိ မြေနေရာကို ကျူးကျော်ဝင်ရောက်မှု၊ အကျိုးဖျက်ဆီးမှု၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုတို့ ဖြင့် ဦးကြူလွင်နှင့် ဇနီးတို့အား တရားစွဲဆို ထားသော အမှုတို့ကို ရုပ်သိမ်းပေးရန် အသနားခံစာ တင်ထားခြင်း ဖြစ်သည်။

ဦးကြူလွင်တို့မိသားစုသည် အဆိုပါ မြေနေရာတွင် နေထိုင်းခြင်မရှိတော့ဘဲ ထွက်ခွာပေးပြီးဖြစ်သောကြောင့် လက်ရှိ စွဲဆိုထားသော အမှုများကို ရုပ်သိမ်းပေးရန် အသနားခံစာပို့ခြင်းဖြစ်ကြောင်း ဦးကြူလွင်က ပြောသည်။

“ကျွန်တော်တို့ကို အမှုရုပ်သိမ်း ပေးလိုက်ရင် ကျေနပ်ပြီ။ ဌာနဆိုင်ရာတွေ ကိုလည်း မနှောင့်ယှက်တော့ဘူး။ လက်မှတ်ထိုးပေးဆိုလည် ထိုးပေးမယ်”ဟု ဦးကြူလွင်က ဆိုသည်။

ဦးကြူလွင်သည် ယင်းမှုများကို ၂၀၁၆ ခုနှစ်ကတည်းက ရင်ဆိုင်နေရပြီး ၎င်း၏ဇနီးဖြစ်သူမှာ ၂၀၁၈ ခုနှစ်ကတည်း က အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်ကြောင်း တိုင်းအစိုးရထံ ပို့ထားသည့်စာအရ သိရသည်။

Dawei Watch