အုန်းပင်ကွင်းချောင်း ပြန်တူးရန် ဒီဇိုင်းပြီးလုနီး

0
647

ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေး ရွာရှိ အုန်းပင်ကွင်းချောင်းကို အမှတ်(၂) သတ္တုလုပ်ငန်းမှ တူးဖော်ခွင့်ပိတ်လိုက် ပြီးနောက် ဆက်လက်တူးဖော်ခွင့်ရရှိရန် ချောင်းဒီဇိုင်းရေးဆွဲနေမှု အချောသပ် ပြီးလုနီးပြီဖြစ်ကြောင်း ရေဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေး ဦးစီးဌာနထံမှ သိရသည်။

စွန့်ပစ်မြေစာများကြောင့်တိမ်ကော နေသည့် အုန်းပင်ကွင်းချောင်းကို ယင်း ကျေးရွာတွင် သတ္တုတူးဖော်နေသည့် ပုပ္ပားအယ်လ်ကုမ္ပဏီက ပြန်လည်တူးဖော် ပေးခဲ့ကြောင်း ယင်းကျေးရွာ သတ္တုစောင့် ကြည့်ရေးအဖွဲ့ ဝင်များထံမှ သိရသည်။

သတ္တုတူးဖော်ခွင့်သက်တမ်းကုန်ဆုံးနေသော ကုမ္ပဏီတစ်ခုက ချောင်းကော တူးဖော်နေခြင်းကို အမှတ်(၂) သတ္တု လုပ်ငန်းမှ ရပ်နားထားရန်ညွှန်ကြား သဖြင့် အနည်းငယ်သာတူးဖော်ခဲ့ရပြီး နောက် ရပ်နားသွားခဲ့ကြောင်း ဒေသခံ အချို့ထံမှ သိရသည်။

နိုဝင်ဘာလ ပထမအပတ် တနင်္သာရီ တိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ အုန်းပင်ကွင်းကျေးရွာ ခရီးစဉ်အတွင်း ယင်းချောင်းဆက်လက်တူးဖော်ခွင့်ပြုရန် ဒေသခံများက တင်ပြတောင်းဆိုခဲ့ကြ သည်။

တိုင်းအစိုးရက ချောင်းဒီဇိုင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနကရေးဆွဲပြီးမှ ဆက်လက် တူးဖော်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း အုန်းပင်ကွင်း ကျေးရွာသူ မနီလာအေးက ပြောသည်။

လက်ရှိတွင် ယင်းချောင်းဒီဇိုင်းရေး ဆွဲနေမှုမှာ အချောသပ်ပြီးစီးခါနီးနေပြီ ဖြစ်သောကြောင့် တစ်ပတ်အတွင်း ချောင်းဒီဇိုင်းထွက်နိုင်အောင်ဆောင်ရွက် နေကြောင်း ရေဖြူမြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်စုံအောင်က ဒီဇင်ဘာလ ၄ ရက်တွင် ပြောသည်။

(ချောင်း)ဒီဇိုင်းကတော့ ဒေသခံပြည်သူတွေနဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆွဲထားတာပါ။ သူတို့ရဲ့ဒီဇိုင်းအတိုင်းသွားရမှာပဲလေ”ဟု ဦးပြည့်စုံအောင်က ဆိုသည်။

ဒေသခံအချို့ကမူ အုန်းပင်ကွင်း ချောင်းကို မိုးရာသီမစမီ ၂၀၂၀ ခုနှစ် မတ်လတွင် အပြီးဖော်ရန်လိုအပ်နေ ကြောင်း ပြောဆိုကြသည်။

Dawei Watch