ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲ ခရိုင်မြို့ ကြီးသုံးမြို့တွင် ပြုလုပ်မည်

0
542

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲ ဆိုထားမှု သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ ပွဲကို တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ ကြီးသုံးမြို့တွင်ပြုလုပ်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ များထံမှ သိရသည်။

မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၀ ရက် တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မြိတ်မြို့တွင် ကမ်းနားလမ်း၊ မြိတ် ကုန်တိုက်အနီးရှိသဲကွင်း၊ ထားဝယ်မြို့တွင် မြိတ်တန်းလမ်းဆုံနှင့် ကော့သောင်း မြို့တွင် ပိတောက်ရွှေဝါရပ်ကွက်အများ ပြည်သူနားနေဆောင်အရှေ့တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံအရေးကိစ္စ နိုင်ငံသားတစ်ဦး ချင်းစီရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်ဘက်က ရပ်တည် ပြီးထောက်ခံတယ်ဆိုတဲ့ ရည်ရွယ်ချက် လေးနဲ့ သွားတာပါ”ဟု ကော့သောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးဖြစ်သည့် ပိတောက်ရွှေဝါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီအရေးကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာ လန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

Dawei Watch