မြိတ်တွင် အရှည် ၁၃ ပေကျော်ရှိ ဝေလငမန်းတစ်ကောင် ဖမ်းမိ

0
1034

မြိတ်တွင် အရှည် ၁၃ ပေကျော်ရှိသည့် ဝေလ ငမန်း(ဒေသအခေါ် ၀စီပြောက်) တစ်ကောင်ကို နိုဝင်ဘာလ ၁၁ ရက် ညနေက ဖမ်းဆီးရမိခဲ့ကြောင်း ရွာသူ ရွာသားတချို့နှင့် မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

မြိတ်မြို့နယ် ရေမြစ်ကြီးကျေးရွှာမှ ရေလုပ်သားတစ်ဦးက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

ရေမြစ်ကြီးရွာအရှေ့ရှိ ကျောက်ဖြာ မြစ်အတွင်း ငပိကောင်ဖမ်းသည့် ရေလုပ်သား ကိုသားပိန်၏ ပိုက်တွင် မိခဲ့ခြင်း ဖြစ်ပြီး ရွာသားများမှ သွားရောက်ကြည့်ရှုစဉ် အဆိုပါငါးမှာ သေဆုံးနေပြီဖြစ် ကြောင်း ယင်းရွာသား ဦးမြင့်စိုးက ပြောသည်။

“ဒီမြစ်ထဲမှာ ဒီလောက်ကြီးတဲ့ ငါးကြီးမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး”ဟု ရေမြစ်ကြီးရွာသား ဦးမြင့်စိုးက ပြောသည်။

အဆိုပါငါးမှာ ပင်လယ်ကြီးအတွင်းတွင်သာ ကျက်စားတတ်သည့် ငါးတစ် မျိုးဖြစ်ပြီး အစာလိုက်ရင်း မြစ်အတွင်းသို့ လမ်းမှားရောက်ရှိလာသည်ဟု ခန့်မှန်းရကြောင်း မြိတ်မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးမှူး ဦးရန်ကင်း ပြောသည်။

ယင်းငါးကို လက်ရှိအချိန်တွင် မြေ မြှုပ်ခိုင်းထားကြောင်း ၎င်းက ပြောသည်။

ကိုဆန်း