တိုင်းအတွင်း လျှပ်စစ်ကဏ္ဍ တည်ဆောက်ရေးလုပ်ငန်းများ ၂၀၂၀ နှစ်စတွင် စနိုင်မည်

0
997

တနင်္သာရီတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ဆောင်မည့် လျှပ်စစ်ကဏ္ဍ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ဇန်နဝါရီလတွင် စတင်နိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။

လုပ်ဆောင်မည့် လုပ်ငန်းများအနက် ရပ်ကွက်/ကျေးရွာများ ၁၀၀ ကျော်တွင် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အား လိုင်း အစားထိုးပြုပြင်တည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်(ဒီဇယ်မီးစက်)နှင့် စက်ရုံများ တည်ဆောက်ခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်သည်။

ထို့အပြင် ထားဝယ် – မလွှဲတောင်-မြိတ်-ကော့သောင်း အဝေးပြေးလမ်းတစ် လျှောက် လမ်းမီး ၅၅၀၀ လုံး တပ်ဆင် ခြင်း၊ မြို့နှင့် ကျေးရွာကြီးအချို့၏ အဓိကလမ်းဆုံ၊ လမ်းခွဲ၊ ပန်းခြံများတွင် High Mast(မီးတိုင်အမြင့်) တပ်ဆင်ခြင်း လုပ်ငန်းများလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။

၎င်းလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ယခုလအတွင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူနေပြီး ဒီဇင်ဘာလတွင် တင်ဒါအောင်ကုမ္ပဏီများ ကြေညာခြင်း၊ တင်ဒါအောင်ကုမ္ပဏီများနှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုခြင်းများ ပြုလုပ်သွားမည်ဟု တိုင်းလျှပ်စစ်အင်ဂျင်နီယာက ပြောသည်။

“လုပ်ငန်းတွေကိုတော့ ၁ လပိုင်းမှာ စနိုင်မယ်။ ၆ လအတွင်း လုပ်ငန်းတွေ အပြီးလို့ လျာထားတယ်”ဟု တိုင်းလျှပ်စစ် အင်ဂျင်နီယာက ပြောသည်။

တင်ဒါခေါ်ယူရာတွင် ထားဝယ် ခရိုင်အတွင်းအသုံးပြုမည့် အရန်ဒီဇယ် မီးစက်များလည်း ပါဝင်ရာ ယင်းမီးစက် များကိုမူ ဂက်စ်ဖြင့်ပေးသော မီးလိုင်း ပြတ်တောက်လျှင် ချက်ချင်း အစားထိုး မောင်းနှင်ရန် ရည်ရွယ်ကြောင်း တိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“အရန်စက်တွေ မြို့နယ် အတော် များများမှာ ရှိတယ်။ အရန်စက်တွေ ထပ်ဝယ်တယ်။ ဒီ(ဂက်စ်)လိုင်းက ပျက် သွားရင် ချက်ချင်း အစားထိုးပေးနိုင်ဖို့ပါ”ဟု ဦးအောင်သူရက ပြောသည်။

လက်ရှိအချိန်၌ ထားဝယ်ခရိုင်တွင် မီးပြတ်တောက်မှု ရှိနေဆဲ ဖြစ်သည်။

တိုင်းအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများ

၁။ ထားဝယ် – မလွှဲတောင် – မြိတ် – ကော့သောင်း အဝေးပြေးလမ်းတစ်လျှောက် လမ်းမီး ၅၅၀၀ လုံးတပ်ဆင်ခြင်း။

၂။ လျှပ်စစ်လိုင်း တိုးချဲ့ပြေးဆွဲမည့် ရပ်ကွက်/ကျေးရွာများ

ထားဝယ်မြို့နယ်
(က) ဆန်းချီရပ်ကွက်၊ ခရိုင်စီမံကိန်းရုံးအနီး ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)၊ 200 kva တစ်လုံး။
(ခ) မြို့သစ် ၇ လမ်းတွင် ၁၁ ကေဗွီလိုင်း ၀ ဒသမ ၇၅ မိုင်၊ 200 kva တစ်လုံး။
(ဂ) ဆင်ဆိပ်၊ ဝဲကျွန်း/ထိန်သစ်၊ ဥဿရံ၊ အိုးလုပ်ရပ်ကွက်များအတွင်း ၄၀၀ ဗို့လိုင်း ၂ မိုင်။
(ဃ) ဇလွန်းကျေးရွာအတွင်း ၁၁ ကေဗွီလိုင်း ၀ ဒသမ ၅ မိုင်၊ ၄၀၀ ဗို့လိုင်း ၃ မိုင်(လမ်းမီးပါ)၊
200 kva တစ်လုံး။
(င) ပကာရီကျေးရွာအုပ်စု ဆန်းချီကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(စ) ပကာရီကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။ 200 kva တစ်လုံး။
(ဆ) ကဒင်၀ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဇ) ကူးတို့ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်အား AAC 95 mm2 အဖြစ် အဆင့်မြှင့်ခြင်း။
(ဈ) ကနိုင်းဒါ ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်အား AAC 95 mm2 ဖြစ် အဆင့်မြှင့်ခြင်း (လမ်းမီးပါ)။
(ည) အလယ်ကုန်း ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်အား AAC 95 mm2 ဖြစ် အဆင့်မြှင့်ခြင်း (လမ်းမီးပါ)။
(ဋ) ပဒိုင်းချောင်းကျေးရွာတွင် ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။100 kva တစ်လုံး။
(ဌ) မေတ္တာမြို့ပေါ်ရပ်ကွက်များအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၂၈ မိုင်(လမ်းမီးပါ)။
(ဍ) တောင်သုံးလုံးကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၂ မိုင်(လမ်းမီးပါ)။
(ဎ) ရွှေချောင်း ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။ မြတ်ရွှေတိဂုံစေတီတော်နှင့် သာသနာ့အဆောက်အအုံများအတွက် ၄၀၀ ဗို့လိုင်း ၀ ဒသမ ၆ မိုင်(လမ်းမီးပါ)။
(ဏ) ကလစ်ကြီးကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၆ မိုင်(လမ်းမီးပါ)။
(တ) ကျောက်မဲတောင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၄၂ မိုင်(လမ်းမီးပါ)။
(ထ) ညောင်တုန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ဒ) ဖွတ်လတ်တိုကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။

ရေဖြူမြို့နယ်
(က) ဃ ရပ်ကွက် ရေး – ထားဝယ်ကားလမ်းတစ်လျှောက် ၄၀၀ ဗို့လိုင်း ၂ ဒသမ၂မိုင် (လမ်းမီးပါ)။ 200 kva တစ်လုံး။
(ခ) ပိတောက်ကုန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၃ မိုင်(လမ်းမီးပါ)။
ဂ) ကျောက်ဆိပ်ကုန်းကျေးရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ ဒသမ ၂ မိုင်၊ ကျေးရွာအတွင်း
၄၀၀ ဗို့လိုင်း ၀ ဒသမ ၇၅ မိုင်(လမ်းမီးပါ)။ 100 kva တစ်လုံး။
(ဃ) ဒေါက်လောက်ကျေးရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀ ဒသမ ၅၇ မိုင်၊ ကျေးရွာအတွင်း
၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။ 100 kva တစ်လုံး။
(င) ရငဲချောင်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၃ မိုင်(လမ်းမီးပါ)။
(စ) ကျခတ္တပင်အင်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၆ မိုင်(လမ်းမီးပါ)။
(ဆ) ကျောက်ထောင့် ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၈ မိုင်(လမ်းမီးပါ)။ 100 kva တစ်လုံး။
(ဇ) သပြေဇွန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဈ) ဧကနိကျေးရွာအတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀ ဒသမ ၄၅ မိုင်။
(ည) ပိန်းရှောင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၆၈ မိုင်(လမ်းမီးပါ)။
(ဋ) ပုဂေါဇွန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၂ ဒသမ ၀၃ မိုင်(လမ်းမီးပါ)။ 100 kva တစ်လုံး။
(ဌ) ကလိန်အောင်မြို့ပတ်လမ်းတစ်လျှောက် ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဍ) ဖက်တောင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၇၅ မိုင်(လမ်းမီးပါ)။100 kva တစ်လုံး။
(ဎ) အုန်းပင်ကွင်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၄ ဒသမ ၃ မိုင်(လမ်းမီးပါ)။
(ဏ) မြောက်ပယကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၂ ဒသမ ၆၂ မိုင်(လမ်းမီးပါ)။
(တ) တောင်ပယကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၃ ဒသမ ၂၆ မိုင်(လမ်းမီးပါ)။
(ထ) သစ်လှတောကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။

သရက်ချောင်း
(က) ဆင်ကူးကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၂၆ မိုင်(လမ်းမီးပါ)။
(ခ) ဆင်ဖြူပြင်ရပ်ကွက်အတွင်း၄၀၀ ဗို့လိုင်း ၀ ဒသမ ၇၅ မိုင်(လမ်းမီးပါ)။ ရေး-ထားဝယ်
ကားလမ်းတွင် ၁ ဒသမ ၁ မိုင်(လမ်းမီးပါ)။
(ဂ) သင်းကျွန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၂ ဒသမ ၄ မိုင်(လမ်းမီးပါ)။
(ဃ) သရက်ချောင်းမြို့ပေါ် ၄ ရပ်ကွက်အတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(င) ဆေးဖြတ်ကုန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၈၆ မိုင်(လမ်းမီးပါ)။

လောငြးလုံးမှို့နယြ
(က) ဂေါ့အငြးကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၃ ဒသမ ၃ မိုငြ(လမြးမီးပါ)။
(ခ) အောကရြဖှေူ ကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ ဒသမ ၈ မိုငြ(လမြးမီးပါ)။
(ဂ) ပဉျစသီမောကြွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ ဒသမ ၇၅ မိုငြ(လမြးမီးပါ)။ 200 kva တဈလုံး။
(ဃ) ဘူခွိုငြးကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ မိုငြ(လမြးမီးပါ)။
(င) ဖှားဘုတပြှငကြွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ မိုငြ(လမြးမီးပါ)။
(စ) နခံတောကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၀ ဒသမ ၈ မိုငြ(လမြးမီးပါ)။ 200 kva တဈလုံး။
(ဆ) ထိနသြဈကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၀ ဒသမ ၅ မိုငြ(လမြးမီးပါ)။
(ဇ) စဈပှဲ ကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ ဒသမ ၂ မိုငြ(လမြးမီးပါ)။
(ဈ) ပိနြးရှောငကြွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ ဒသမ ၅ မိုငြ(လမြးမီးပါ)။
(ည) မောငြးမကနကြွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ မိုငြ(လမြးမီးပါ)။
(ဋ) ပနြးတငအြငြးကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ ဒသမ ၅ မိုငြ(လမြးမီးပါ)။
(ဌ) ကရငကြှီးကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၀ ဒသမ ၆ မိုငြ(လမြးမီးပါ)။
(ဍ) ကမြးပနီကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၀ ဒသမ ၄ မိုငြ(လမြးမီးပါ)။
(ဎ) ပှငကြှီး ကွေးရှာအတှငြး ၄၀၀ ဗို့လိုငြး ၁ မိုငြ(လမြးမီးပါ)။

မြိတ်မြို့နယ်
(က) မြိတ်ကမ်းနားလမ်းတစ်လျှောက်တွင် LED 150 W လမ်းမီးတိုင် ၁၀၆ တိုင်။
(ခ) ကျွဲကူး-ကျောက်ဖျာ အဝင်လမ်း တစ်ဘက်တစ်ချက်စီတွင် ၄၀၀ ဗို့ လမ်းမီးတိုင် ၀ ဒသမ ၆ မိုင်
နှင့် LED 150 W လမ်းမီးတိုင် ၇၂ တိုင်။
(ဂ) နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း ၁၁ ကေဗွီလိုင်း ၀ ဒသမ ၃၂ မိုင်၊ ၄၀၀ ဗို့လိုင်း
၀ ဒသမ ၇၂ မိုင်(လမ်းမီးပါ)။ 500 kva တစ်လုံး။
(ဃ) မြိတ်တောင်ရပ်ကွက်အတွင်း ၄၀၀ ဗို့လိုင်း ၂ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(င) ရွှေဒူး၊ သာရမဲ၊ ဒလရှောင်၊ ပိန္နဲတောင်၊ အင်္ဂမော်၊ ကျွဲကူးကျေးရွာများတွင် ၄၀၀ ဗို့လိုင်း ၅ မိုင်
(လမ်းမီးပါ)။
(စ) မြိတ်တောင်ရွာအတွင်း ၄၀၀ ဗို့လိုင်း ၇ မိုင်(လမ်းမီးပါ)။
(ဆ) ကဟန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။ 200 kva တစ်လုံး။
(ဇ) ကင်းတပ် ကျေးရွာအတွင်း ၁၁ ကေဗွီလိုင်း ၁ ဒသမ ၃ မိုင်၊ ၄၀၀ ဗို့လိုင်း ၁ ဒသမ ၈၃ မိုင်(လမ်းမီးပါ)။ 200 kva တစ်လုံး။

ပုလောမြို့နယ်
(က) မြို့ပေါ်ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ရှိ တိုးချဲ့ကွက်သစ်များတွင် ၄၀၀ ဗို့လိုင်း ၃ မိုင်(လမ်းမီးပါ)။
(ခ) ပလ ကင်းဆိပ်တွင် ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ဂ) ပလ ရပ်ငယ်ကျောင်းလမ်းတွင် ၄၀၀ ဗို့လိုင်း ၀ ဒသမ ၈ မိုင်(လမ်းမီးပါ)။
(ဃ) သဲပုံကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(င) တောင်ယာကမ်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(စ) ရှပ်ပုံကျေးရွာ ဝါးတန်းနှင့် တဲများကွက်သစ်အတွင်း ၁၁ ကေဗွီလိုင်း ၀ ဒသမ ၅ မိုင်၊ ၄၀၀ ဗို့လိုင်း ၂ မိုင်(လမ်းမီးပါ)။ 200 kva တစ်လုံး။
(ဆ) စပူပြင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဇ) ထမင်းမစားကျေးရွာတွင် ၁၁ ကေဗွီလိုင်း ၂ ဒသမ ၂ မိုင်၊ 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း
၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ဈ) ပလောက်မြို့ အမှတ် ၃ ရပ်ကွက် မိန်းလမ်းတစ်လျှောက် ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင် (လမ်းမီးပါ)။
(ည) ညောင်ရှင်ကုန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၂ မိုင်(လမ်းမီးပါ)။
(ဋ) ဆင်ထိုးကြီးကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ဌ) ကျောက်တောင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဍ) အရှေ့ကုန်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဎ) ဘုရင်တောင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။

တနင်္သာရီမြို့နယ်
(က) မရင်းကြီးကျေးရွာတွင် ၁၁ ကေဗွီလိုင်း ၃ ဒသမ ၄၄ မိုင်၊ 200 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း
၂ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ခ) ပနပ်ငယ်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။ 100 kva တစ်လုံး။
(ဂ) လယ်တောင်ယာ၊ တမုတ်ချိုး၊ ကမ္မလိုင်း၊ ရှမ်းအင်းတော်၊ ရေဖြူ ကျေးရွာများတွင် ၄၀၀ ဗို့လိုင်း
၁ ဒသမ ၈ မိုင်(လမ်းမီးပါ)။

ကျွန်းစု
(က) အမှတ် ၃ ရက်ကွက်အတွင်း 160 kva တစ်လုံး။
(ခ) အမှတ် ၄ ရပ်ကွက်အတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၃ မိုင်(လမ်းမီးပါ)။
(ဂ) မရမ်းချောင်းကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၁ ဒသမ ၄ မိုင်(လမ်းမီးပါ)။
(ဃ) ကတ္တလူကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၇၅ မိုင်(လမ်းမီးပါ)။
(င) ကျွန်းစုမြို့ ဒီဇယ်စက်ရုံအထွက်မှ အမှတ် ၁ ရပ်ကွက် တခရ ထရန်စဖော်မာအထိ ၁၁ ကေဗွီလိုင်း ၀ ဒသမ ၈၇ မိုင်နှင့် ၁၁ ကေဗွီ DS တစ်စုံ။
(စ) ကျွန်းစုမြို့ ဒီဇယ်စက်ရုံအထွက်မှ အမှတ် ၄ ရပ်ကွက် ထရန်စဖော်မာအထိ ၁၁ ကေဗွီလိုင်း
၀ ဒသမ ၄၅ မိုင်နှင့် ၁၁ ကေဗွီ DS တစ်စုံ။
(ဆ) ကတန်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅၇ မိုင်(လမ်းမီးပါ)။

ကော့သောင်းမြို့နယ်
(က) ရွှေပြည်စိုးရပ်ကွက် ၈ မိုင်လမ်းဆုံတွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်
(လမ်းမီးပါ)။
(ခ) အေးရိပ်ငြိမ် တော်ဝင်တံတားအနီးတွင် 160 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဂ) ဆယ်မိုင်ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(ဃ) ၁၅ မိုင်ကျေးရွာတွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၀ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(င) ဘန်ခွမ်းကျေးရွာတွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ ဒသမ ၅ မိုင်(လမ်းမီးပါ)။
(စ) မလိဝမ်းကျေးရွာ ဗိုလ်အောင်ကျော် တိုးချဲ့ရပ်ကွက်တွင် ၄၀၀ ဗို့လိုင်း ၂ ဒသမ ၅ မိုင်(လမ်းမီးပါ)။

ဘုတ်ပြင်းမြို့နယ်
(က) ချောင်းတာစူးကျေးရွာတွင် ၁၁ ကေဗွီလိုင်း ၂ မိုင်၊ 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ မိုင်
(လမ်းမီးပါ)။
(ခ) အတွင်းဘုတ်ပြင်း ကျေးရွာတွင် ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(ဂ) သဲဖြူကျေးရွာတွင် ၁၁ ကေဗွီလိုင်း ၁ ဒသမ ၅ မိုင်၊ 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ မိုင်
(လမ်းမီးပါ)။
(ဃ) ကရိုင်တိုင်ကျေးရွာတွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။
(င) ပြည်ကြီးမဏ္ဍိုင် ပဆင ရပ်ကွက်တွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ ဒသမ ၂၅ မိုင်(လမ်းမီးပါ)။
(စ) ဘန်းဂလားအုပ်စု ထောင်ခေါ်ကျေးရွာတွင် 100 kva တစ်လုံး။ ၄၀၀ ဗို့လိုင်း ၁ မိုင်(လမ်းမီးပါ)။

၃။ ဒီဇယ်မီးစက် ဝယ်ယူခြင်း
(က) ကံပေါက်ဓာတ်အားခွဲရုံတွင် ( 600-650 kva ) ဒီဇယ် ဓာတ်အားပေးစက် ၃ လုံး။
(ခ) မြိတ်မြို့တွင် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်။ အခမ်းအနားများတွင် အသုံးပြုရန် Sound Proof 100 kva တစ်လုံးနှင့် 200 kva တစ်လုံး။
(ဂ) ကျွန်းစုမြို့နယ် ကြပ်ချောင်းရွာတွင် 200 kva ဓာတ်အားပေးစက် တစ်လုံး။ မအိုင်ရွာတွင်
250 kva ဓာတ်အားပေးစက်တစ်လုံး။ လင်မလိုရွာတွင် 150 kva ဓာတ်အားပေးစက်တစ်လုံး။
ဝါးအော်ရွာတွင် 200 kva ဓာတ်အားပေးစက်တစ်လုံး။

၄။ အဓိကလမ်းဆုံ၊ လမ်းခွဲ ပန်းခြံများတွင် High Mast မီးများ တပ်ဆင်ခြင်း
ထားဝယ် – ၇ နေရာ။ လောင်းလုံး- ၄ နေရာ။ မောင်းမကန် – ၂ နေရာ။ ရေဖြူ – ၃ နေရာ။
သရက်ချောင်း – ၂ နေရာ။ ကလိန်အောင် – ၁ နေရာ။ မေတ္တာ – ၁ နေရာ။ ကျွန်းစု – ၂ နေရာ။
တနင်္သာရီ – ၁ နေရာ။ ပလောက် – ၁ နေရာ။ ပလ – ၁ နေရာ။ ကော့သောင်း – ၄ နေရာ။
ဘုတ်ပြင်း – ၂ နေရာ။ ပြည်ကြီးမဏ္ဍိုင် – ၂ နေရာ။ ခမောက်ကြီး – ၁ နေရာ။ ကရသူရိ – ၁ နေရာ။

( ရပ်ကွက်/ကျေးရွာအချို့တွင် အခြားလုပ်ငန်းများဖြစ်သည့် မီးတိုင်၊ ကြိုး အဆင့်မြင့်တင်၊ အစားထိုး
လဲလှယ်ခြင်း၊ အဆောက်အအုံတည်ဆောက်ခြင်းများလည်း ပါဝင်သည်။ )