အဆိပ်ပြင်းမြွေများနှင့် ပဒူအုံများတွေ့ပါက မီးသတ်ကို အကူအညီတောင်းပါ

0
833
အဆိပ်ပြင်းမြွေများကို မီးသတ်အကူအညီဖြင့်ရှင်းလင်းနေစဉ်။

လူကို အန္တရာယ်ပြုစေနိုင်သည့် အဆိပ်ရှိ မြွေများနှင့် ပျားအုံ၊ ပဒူအုံများ တွေ့ရှိပါက မီးသတ်ဌာနသို့ အကူအညီ တောင်းခံနိုင်ကြေင်း မြိတ်ခရိုင်မီးသတ် ဦးစီးဌာန ဦးစီးမှူးဦးဇော်ဝင်းထံမှ သိရသည်။


မီးသတ်ဦးစီးဌာနအနေဖြင့် ယခုနှစ် အတွင်းအိမ်နှင့် ဆိုင်ခန်းများသို့ ဝင်ရောက် ခိုအောင်းနေသည့် မြွေများအား သုံးကြိမ် ခန့်ဖယ်ရှားပေးခဲ့ပြီး ပျားအုံတစ်အုံနှင့် ပဒူအုံသုံးအုံခန့်ကိုလည်း ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း ဦးစီးမှူးဦးဇော်ဝင်းက ပြောပြသည်။


အဆိပ်ရှိမြွေများဖြစ်ကြသည့် လင်းမြွေ၊ မြေငန်းစောင်း၊ စပါးကြီးမြွေ စသည့် မြွေများအနက် မြွေငန်းစောင်းကို အများဆုံးဖမ်းဆီးဖယ်ရှားပေးခဲ့ရကြောင်း ဦးစီးမှူးဦးဇော်ဝင်းက ပြောပြသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်လည်း ကန်ဖျားမြေနီလမ်းရှိ စတိုး ဆိုင်တစ်ဆိုင်တွင် မြွေတစ်ကောင်ဝင် ရောက်နေကြောင်း ဆိုင်ရှင်မှ ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ရှင်း လင်းပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာန ထံမှ သိရသည်။


၎င်းအပြင် အောက်တိုဘာလ ၃၀ ရက်က အလယ်ကျွန်းရပ်ကွက်ရှိ သင်္ကန်းတိုက်အရောင်းဆိုင်တစ်ဆိုင်တွင် မြွေငန်းစောင်းတစ်ကောင်ဝင်ရောက်နေကြောင်း သတင်းပေးပို့သဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


နေအိမ်များနှင့် ဆိုင်များအတွင်းမှ ဖမ်းမိသည့်မြွေများအား ဘေးလွတ်ရာသို့ ပြန်လွှတ်ပေးခဲ့ကြောင်း မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)