ကမ်းနီးလှေများ တရားဝင်ငါးဖမ်းခွင့် ဘယ်တော့လဲ

0
516

နေပြည်တော် အမျိုးသားလွှတ် တော်တွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ကိစ်္စကို တနင်္သာရီတိုင်းမှ ကိုယ်စားလှယ် တစ်ဦးက မေးခွန်းထုတ်ခဲ့သည်။

သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် လွှတ်တော်တွင် ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းမေးခွန်းကို ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော် က ဖြေဆိုရာတွင် ပင်လယ်ငါးလုပ်ငန်း ဥပဒေအသစ်(မူကြမ်း)ကို ရေးဆွဲနေကြောင်း ဖြေဆိုခဲ့သည်။

ဥပဒေ(မူကြမ်း)အသစ်ကို နိုင်ငံတော် ဗဟိုဘဏ်သို့ ဆက်လက်သဘောထား တောင်းခံထားကြောင်း ဖြေဆိုသည်။

သို့ကြောင့် လက်ရှိဥပဒေမှာ တည်ဆဲ ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အရွယ် လွန် ကမ်းနီးငါးဖမ်းလှေ နှစ်ထောင်ကျော် (၂၂၆၁)စီးရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောဆို ထားသည်။

၎င်းင်းအရွယ်လွန် ကမ်းနီးငါးဖမ်းလှေ တို့သည် စက်တင်ဘာလ ၁ ရက်မှစ ပင်လယ်ပြင်သို့ ထွက်နေကြပြီ ဖြစ် သည်။

သူတို့တွင် လှေဂရမ်၊ စက်ဂရမ်၊ ငါးဖမ်းလိုင်စင် စသည့် ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်နှင့် ပတ်သက်၍ မည်သည့် အထောက်အထားမျှ မရှိကြပါ။

တည်ဆဲ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ အလျားပေ ၃၀ ကျော်လှေ အရွယ်လွန် ကမ်းနီးငါးဖမ်းလှေများကို အထက်ပါဂရမ်နှင့် လိုင်စင်များ ထုတ်ပေး ၍ မရပေ။

“အထောက်အထားဆိုလို့ တလောက ထုတ်ပေးထားတဲ့ ပဲ့နင်းလက်မှတ်လေးပဲ ရှိတယ်”ဟု မောင်းမကန်ရွာမှ လှေပိုင် ရှင်တစ်ဦးဖြစ်သည့် ဦးဇော်နီက ပြော သည်။

ယခင်နှစ်က ဦးဇော်နီ၏ လှေအပါ အ၀င် လောင်းလုံးမြို့နယ်မှ လှေ ၆ စီး ရခိုင်ပြည်နယ်တွင် အဖမ်းခံခဲ့ရသည်။

ထိုလှေများပါ ကမ်းနီးရေလုပ်သား ၅၃ ဦး ရခိုင်ပြည်နယ် သံတွဲအကျဉ်း ထောင်အတွင်း အချုပ်သားအဖြစ် ရောက်ခဲ့ ရပြီး လိုင်စင်မရှိဘဲ ငါးဖမ်းသဖြင့် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သော ပုဒ်မများဖြင့် တရားစွဲခံခဲ့ရသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မများဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ ၄ လ အတွင်း မြိတ် ထောင်အချုပ်သို့ ရေလုပ်သား ၁၀၆ ဦးထိ ရောက်ခဲ့ရပြီး ကော့သောင်းမှ ရေလုပ်သား အချို့ကလည်း တရားစွဲခံခဲ့ရသည်။

ယခုနှစ်တွင်လည်း မည်သည့် လိုင်စင်မျှ မရှိဘဲ ဖမ်းမိလျှင် ထောင်ကျ နိုင်၊ ပစ်္စည်း အသိမ်းခံရနိုင်သည်ကို သိလျက် နှင့် ပင်လယ်သို့ ထွက်နေကြခြင်း ဖြစ်သည်။

“အရဲစွန့် ထွက်ရတာပဲ။ လှေမထွက် ရင် ငတ်မှာကိုး”ဟု မောင်းမကန်ရွာမှ လှေပိုင်ရှင်ဖြစ်သည့် ဦးဇော်နီက ပြော သည်။

ရေလုပ်သားများက နိုင်ငံတော် အခွန်ထမ်းကာ ဥပဒေဘောင်အတွင်းမှ လွတ်လပ်လုံခြုံစွာ ငါးဖမ်းလိုကြောင်း အစဉ်တစိုက် တောင်းဆိုလာခဲ့ကြသည်။

ကမ်းနီးလိုင်စင်ထုတ်ပေးနိုင်သည့် လှေအလျား ပေ ၃၀၊ လှေစက် မြင်း ကောင်ရေအား ၂၅ ကောင်ထက် ကျော် လွန်ခြင်းမှာ ပင်လယ်ပြင်တွင် ရာသီဥတု ပြောင်းလဲခြင်း၊ ကမ်းနီးတွင် ငါးဖမ်းဆီး ရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်း လုပ်ငန်း ခွင် အလှမ်းဝေးလာခြင်း စသည့် အခက် အခဲများကြောင့် လှေနှင့် စက်အင်အား များ ယခင်ထက် ပိုမိုကြီးမားအောင် တည်ဆောက် တပ်ဆင်လာရခြင်းတို့ ကြောင့် ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောကြသည်။

တနင်္သာရီတိုင်းအတွင်းမှ လွှတ်တော် ကိုယ်စားလှယ်အချို့ကလည်း ယင်းကိစ်္စ ကို ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း လွှတ်တော်တို့တွင် အစဉ်တစိုက် ဆွေးနွေး နေကြသည်။

အစိုးရဘက်မှလည်း ခေတ်နှင့် လျော်ညီသည့် ဥပဒေအသစ် ရေးဆွဲနိုင် ရေးအတွက် ဒေသအတွင်း ခရိုင်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ရေလုပ် သားတို့၏ အသံကို ရယူခဲ့သည်။

ထိုသို့ ဒေသခံတို့အသံ ရယူထားပြီး ရေးဆွဲမည့်ဥပဒေအသစ်ကို ဒေသခံတို့ က မျှော်ကြသည်။

“(ဥပဒေအသစ်)ထွက်လာပြီဆိုရင် တော့ ကမ်းနီးလှေတွေအတွက် အရင် ကထက် အဆင်ပြေလာနိုင်မယ်လို့ မျှော် လင့်တယ်။ လှေအရွယ်အစား စက် အရွယ်အစား နေရာဒေသသတ်မှတ်တာ တွေတော့ သူတို့အတွက် ပိုကောင်းလာ နိုင်တယ်”ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောသည်။

တချို့ကလည်း ဥပဒေအသစ် မထွက်မီ လက်ရှိကာလတွင် ရေလုပ်သား တို့ အခွန်ဆောင်ကာ လုံခြုံစွာ ငါးဖမ်း နိုင်မည့် ဒေသန်္တရ အမိန့်ညွှန်ကြားချက် တစ်ရပ်ရပ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ချမှတ်ပေးစေလိုကြောင်း ပြော ကြသည်။

အခြား ပြည်နယ်နှင့်တိုင်းများတွင် ဒေသခံလှေများအား ဒေသနှင့်သင့်တော် သည့် အသိအမှတ်ပြုလက်မှတ် တစ်ခုခု ကို ၎င်းင်းဒေသတာဝန်ရှိသူများက လုပ်ပေး လေ့ရှိကြောင်း ပြောကြသည်။

“ဥပဒေပြီးတဲ့ အချိန်အထိ စောင့်ရ မယ်ဆိုရင် အားလုံး ကစဉ်ကလျား ဖြစ် ကုန်ကြမယ်။ မိသားစုတွေအားလုံးလည်း ဒုက်္ခအမျိုးမျိုးနဲ့ရင်ဆိုင်ကြရမယ်ပေါ့။ ဒီတော့ ဥပဒေပြုတာ ထိုင်စောင့်ခိုင်းနေ မယ့်အစား တိုင်းအစိုးရအနေနဲ့ ဒေသန္တရ အမိန့် လိုထုတ်ပြီး လိုင်စင်မရတဲ့လှေ တွေကို ငါးဖမ်းခွင့်ပြုစေချင်ပါတယ်” ဟု ကျွန်းစုမြို့နယ်၊ ပရည်ကျွန်းရွာမှ ကမ်းနီး လုပ်ငန်းရှင် ဦးအောင်လင်းစိုးက ပြော သည်။

ယင်းသို့ တိုင်းအစိုးရမှ တစ်စုံတစ်ရာ လုပ်ဆောင်ပေးရေး တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့ဖူးသည်။

ဇွန်လ ၂၄ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က ကမ်းနီးငါးဖမ်းလှေများ လိုင်စင်ရရှိ ရေး တိုင်းအစိုးရမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ဝန်ကြီးဦးမြင့်စန်းက အချက်အလက် များစုဆောင်းပြီး စာဖြင့်ထပ်မံ ဖြေဆိုမည် ဟု ပြန်လည် ဖြေဆိုခဲ့သည်။

လက်ရှိအချိန်ထိမူ တိုင်းအစိုးရမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးသည်ကို မတွေ့ရသေးပေ။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို သြဂုတ် လ ၃၁ ရက်နေ့က ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီး (၀န်ကြီး ဦးမြင့်စန်း) ကို ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့ သည်။

ဦးမြင့်စန်းကို ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုရာ ဖုန်းမကိုင်ခဲ့ပေ။

လက်ရှိတွင်မူ အရွယ်လွန်ကမ်းနီး ရေလုပ်သားတို့ လိုင်စင်မဲ့ ငါးထွက်ဖမ်း နေကြပြီ ဖြစ်သည်။

အသစ်ရေးဆွဲနေသည့် ပင်လယ် ပြင်ငါးလုပ်ငန်းဥပဒေ မူကြမ်းကလည်း ဗဟိုဘဏ်တွင် သောင်တင်နေဆဲဖြစ် သည်။

ထိုဥပဒေကို ၂၀၂၀ ခုနှစ်တွင် အတည်ပြုနိုင်မည်ဟု ဦးဥက်္ကာမင်းက ခန့်မှန်းသည်။

ဦးဥက်္ကာမင်း၏ မေးမြန်းချက်ကို ပြည်ထောင်စု ဒုဝန်ကြီးက ဖြေဆိုရာတွင် နောက်ကျင်းပမည့် ၁၄ ကြိမ်မြောက် လွှတ်တော်တွင် ဥပဒေမူကြမ်းကို တင်သွင်းမည်ဟု ဖြေဆိုသွားသည်။

“အကယ်၍သာ ဒုဝန်ကြီးပြောတဲ့ ကတိစကားအတိုင်း နိုဝင်ဘာမှာကျင်းပ မယ့်လွှတ်တော်မှာ တင်ပြနိုင်မယ်ဆို ရင်တော့ ၂၀၂၀ အတွင်းမှာတော့ ဥပဒေ ကို အတည်ပြုနိုင်မယ်”ဟု ဦးဥက္ကာမင်း က ပြောသည်။

Dawei Watch