ထားဝယ်တွင် ပထမဆုံးပေးမည့် အဝေးသင်ဘွဲ့ အတွက် လျှောက်လွှာစခေါ်

0
1888

ထားဝယ်တက္ကသိုလ်တွင် ပထမဆုံး ပေးမည့် အဝေးသင်ဘွဲ့အတွက် လျှောက် လွှာများကို သြဂုတ်လ ၂၁ ရက်မှ စတင်ခေါ်ယူလျက်ရှိကြောင်း ထားဝယ်တက္ကသိုလ် အဝေးသင်ဌာနထံမှ သိရ သည်။

ယင်းလျှောက်လွှာများကို စက်တင် ဘာလ ၁၃ ရက် နောက်ဆုံးထားကာ ထားဝယ်တက်္ကသိုလ် အဝေးသင်ဌာနတွင် ထုတ်ယူရမည်ဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်တက္ကသိုလ်တွင် ပထမဆုံး ပေးသည့်ဘွဲ့ ဖြစ်သော်လည်း ယခုကျင်းပ မည့် ဘွဲ့နှင်းသဘင်ကိုမူ ရန်ကုန်အဝေး သင်တက္ကသိုလ်၊ ထားဝယ်ဌာနခွဲ၏ ၁၇၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အမည်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ပြော သည်။

“ဘွဲ့လက်မှတ်မှာ ဖြည့်စွက်ရေး သွင်းမယ့် အကြောင်းအရာတွေက ရန်ကုန် ကပဲ စီစဉ်တာဆိုတော့ ဒီနှစ်တော့ ရန်ကုန် အဝေးသင်တက်္ကသိုလ်က ပေးတဲ့ဘွဲ့ကို ထားဝယ်မှာကျင်းပတဲ့ပုံစံမျိုးပါ။ နောက် နှစ်ဆိုရင်တော့ ထားဝယ်ကပဲ အားလုံး လုပ်ရတော့မှာ” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ထားဝယ်တက်္ကသိုလ်တွင်ကျင်းပ မည့် အဝေးသင်တက္ကသိုလ်ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ဘွဲ့နှင်းသဘင်ကျင်းပ မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်က ထုတ်ပြန်ထားသည်။

ထားဝယ်တွင် ပထမဆုံးကျင်းပမည့် ဘွဲ့နှင်းသဘင်တွင် ၂၀၁၈ ခုနှစ်က နောက်ဆုံးနှစ်အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘွဲ့ယူရ မည်ဖြစ်ပြီး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၅၈၀ ဦးရှိကြောင်း ထားဝယ်တက္ကသိုလ် အဝေးသင်ဌာနထံမှ သိရသည်။

ကျော်သူစိုး