ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ် အားလုံး ၀င်ပြိုင်မည်

0
1649

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေ ဖြင့် တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ် အားလုံးကို ၀င်ပြိုင်မည်ဖြစ်ကြောင်း ယင်း ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အတွက် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ၂၁  နေရာ စုစုပေါင်း ကိုယ်စားလှယ် ၄၃ နေရာ ရှိသည်။

“တိုင်းဒေသကြီးလို့ခေါ်တဲ့ ၇ တိုင်း ရှိပါတယ်။ အဲဒီတိုင်းဒေသကြီးနယ်မြေမှာ ရှိတဲ့ မြို့နယ်အသီးသီးမှာလည်း အားလုံးဝင်မှာ ဖြစ်ပါတယ်၊ ဒါကျွန်တော်တို့ရဲ့ မျှော်မှန်းလျာထားချက်ပါ”ဟု သူရဦးရွှေမန်းက ပြောသည်။

တိုင်းဒေသကြီး မဟုတ်သည့် ပြည် နယ်များတွင်မူ သာမန်အားဖြင့် ၀င်ပြိုင် မည်မဟုတ်ဘဲ ထူးခြားသည့် အနေအထား ရှိမှသာ ၀င်ပြိုင်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ခု တွင် တိုင်းရင်းသားလူမျိုးဦးရေ နည်း နေခြင်း၊ တိုင်းရင်းသားများနေသော်လည်း ၎င်းတို့ဘက်က ညှိနှိုင်းလာခြင်း စသည့် အကြောင်းများရှိပါက ပြည်နယ်များတွင်လည်း ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ပါတီ၏ တိုင်းရုံး နှင့် မြို့နယ်ရုံးကို ဇွန်လ ၁၁ ရက်က ထားဝယ်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်သည့်မြို့နယ် ရုံးများကို ဇွန်လအတွင်း ဆက်ဖွင့်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရပါက ပြည်သူများစားဝတ်နေရေးအဆင်ပြေစေ ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် အဓိကထားဆောင်ရွက်မည်ဖြစ် ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NDF ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အစရှိသည့် ပါတီ ၁၁ ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Dawei Watch