သရက်ချောင်းမြို့နယ် အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျွဲမင်းကုန်းအသင်း ဗိုလ်စွဲ

0
606

သရက်ချောင်းမြို့နယ်ဘောလုံး အဖွဲ့ချုပ်နာယကဖလား အသက် ၁၇ နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျွဲမင်းကုန်းအသင်းက မြို့နယ်ဘောလုံး အဖွဲ့ချုပ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းကြောင်း မြို့နယ်ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။

အသက် ၁၇ အောက် ဘောလုံးပြိုင်ပွဲ ကို မေလ ၁၁ ရက်မှ ၃၀ ရက်အထိ သရက်ချောင်းမြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ရှိ ရပ်ကွက်ကျေးရွာပေါင်းစုံမှ အသင်း ၁၁ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ်လွင်က ပြောသည်။

ပထမဆုရရှိသည့် ကျွဲမင်းကုန်း အသင်းကို ဆုဖလားအပြင် ငွေကျပ်သုံးသိန်း၊ ဒုတိယဆုရရှိသည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ် အသင်းကို ငွေကျပ် ၂ သိန်း၊ နေရာအလိုက် အကောင်းဆုံးအားကစား သမားဆု ၅ ဆု ကို တစ်ဦးချင်းအတွက် ငွေကျပ် ၁၅၀၀၀ စီ ချီးမြှင့်ပေးသည်ဟု ဦးသစ်လွင်က ပြောသည်။

အသက် ၁၇ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမြင့်