တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲ တောင်ကြီးတွင် သွားပြိုင်ရမည်

0
532

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်းအသင်းသည် တောင်ကြီးမြို့တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာနထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်း နှင့်ပြည်နယ်များတွင် အလှည့်ကျကျင်းပရန်စီစဉ်ထား သောကြောင့် ယခုနှစ် ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းဘော်လီဘောပြိုင်ပွဲကို မေလ ၂၂ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်း အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း နှစ်သင်းစလုံးက ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း ၂၄ ဦး ပါဝင်မည် ဖြစ်သည်။

တနင်္သာရီတိုင်းတွင်မူ ယခုနှစ်တွင် တိုင်းနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို လက်ခံကျင်းပ နိုင်ခြင်းမရှိသေးကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ထံမှသိရသည်။

ကျော်သူစိုး