ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
946
Bay-Din

၈-၄-၂၀၁၉ မှ ၁၄-၄-၂၀၁၉ထိ

တနင်္ဂနွေ

အိုးအိမ် ပြုပြင်ခြင်း၊ ၀ယ်ခြင်း၊ အလှူအတန်းများ ပြုရတတ်သည်။ ရပ်ဝေးဧည့်သည်များ မိမိထံ ရောက်မည်။ သတင်းစကားကောင်းများ ကြားရမည်။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရမည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၂၊ ၃၊ ၆ ပါသော ဂဏန်းများ

ယတြာ                     – ပန်းရောင်စုံ ဘုရားပန်း ကပ်လှူပါ။

တနင်္လာ

လှပသောနာရီ စသည်တို့ ၀င်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်တိုးတက်မှု ကြုံရမည်။ ခြေထောက်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရတတ်သည်။ ရွှေထည်ပစ်္စည်းများ ယခုလ၌ မ၀ယ်ပါ နှင့်။ မေတ္တာရေးသည်ကား နီးသလိုလိုနဲ့ အလှမ်းကွာနေတတ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အ၀ါရောင်

အကျိုးပေးသော ဂဏန်းများ      – ၀၊ ၁၊ ၆ ပါသော ဂဏန်းများ

ယတြာ                     – သစ္စာပန်းတစ်စည်း ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

ဘုရားဖူးခရီးများ သွားရမည်။ စီးပွားဥစ္စာ တိုးမည်။ ပုဂ်္ဂိုလ်ထူးများ၏ မစစောင့်ရှောက်မှု ခံရမည်။ သူများစွပ်စွဲမှု ခံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား  မုန်တိုင်းတစ်ခဏ လေပြေလေညှင်းက ထာဝရ ဖြစ်ပါမည်။

အကျိုးပေးသော အရောင်         – လိမ္မော်ရောင်၊ ဇီးရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၀၊ ၄၊ ၆ ပါသော ဂဏန်းများ

ယတြာ                     – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးလှူဒါန်းပါ။

ဗုဒ္ဓဟူး

အရောင်းအ၀ယ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ပရိဘောဂပစ်္စည်းများ ၀င်မည်။ ၀မ်းဗိုက်နှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ လုပ်ငန်းသစ်များ စတင်ဆောင်ရွက်ရန် သင့်တော် သောကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား သင့်ချစ်သူကို သင်မေတ္တာထားသလို ချစ်သူကလည်း သင့်ကို မေတ္တာတုံ့ပြန်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ ဇီးရောင်

အကျိုးပေးသော ဂဏန်းများ      – ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – ပန်းသစ်တော်သီး ၂ လုံးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်

                               ကပ်လှူပါ။

ကြာသပတေး

အဓိဋ္ဌာန်ပြုက ထူးခြားအောင်မြင်မည့်ကာလ ဖြစ်သည်။ အရောင်းအ၀ယ်ကိစ္စများ အဆင်ပြေမည်။ ထီ သို့မဟုတ် ထီနှင့်အလားတူ ငွေဝင်မည်။ လုပ်ငန်းထဲ၌ အခက်အခဲတစ်ခု တွေ့ရတတ်သည်။ မေတ္တာရေးသည်ကား သူများပြောတိုင်း နားမယောင်မိပါစေနှင့်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ကြက်သွေးရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အနီရောင်

အကျိုးပေးသော ဂဏန်းများ      – ၀၊ ၁၊ ၄ ပါသော ဂဏန်းများ

ယတြာ                     – ဂန္ဓမာပန်းတစ်စည်း ဘုရားပန်း ကပ်လှူပါ။

သောကြာ

သင်သည် လူငယ်တစ်ယောက်ဖြစ်က အလုပ်အကိုင်အခွင့်အလမ်းများမည့်ကာလ ဖြစ်သည်။ ကုန်ကျထားသော ငွေများ အစုလိုက်အပုံလိုက် ပြန်ဝင်မည်။ အမျိုးသမီးတစ်ဦးဦးက သင့်ကို ထူးထူး ခြားခြား အကျိုးပြုလိမ့်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်တစ်သက်တာ လက်တွဲရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – လိမ္မော်ရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – ဇီးရောင်၊ အညိုရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၇ ပါသော ဂဏန်းများ

ယတြာ                     – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်

                               ကပ်လှူပါ။

စနေ

အလုပ်အကိုင်များတိုးတက်အောင်မြင်မည့်ကာလ ဖြစ်သည်။ ရွှေထည်ပစ္စည်းများ ၀င်မည်။ လှပသော ပရိဘောဂပစ္စည်းများ ၀င်မည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား သင့်အတွက် အစစအရာရာ အောင်မြင်မည့်ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အနီရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၆၊ ၉ ပါသောဂဏန်းများ

ယတြာ                     – အောင်သပြေ ဘုရားပန်းကပ်လှူပါ။

                                                 လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                 ဝေဒလက္ခဏသုတေသီ