မူးယစ်ဆေးနှင့် မိုင်းရှာမည့် “မီးမီး”

0
966
ဓာတ်ပုံ - ကိုဇော်

မူးယစ်ဆေးနှင့် မိုင်းရှာသင်တန်းတက်ရောက်လေ့ကျင့်ထားသည့် “မီးမီး”ဟု အမည်ပေးထားသော ခွေးတစ်ကောင် ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါခွေးအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံရှိ လေ့ကျင့်ရေးကျောင်းတွင် ၆ လ ခန့်အကြာ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်းသင်တန်း ပေးထားပြီး မတ်လဆန်း ပိုင်းက တနင်္သာရီတိုင်းရဲတပ်ဖွဲ့သို့ ရောက်ရှိလာကြောင်း တိုင်းရဲတပ်ဖွဲ့ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးဝင်းမြင့်က ပြောသည်။

“မီးမီး”သည် အယ်လ်ဇေးရှင်းအမျိုး အစားဖြစ်ပြီး အသက် တစ်နှစ်သုံးလ အရွယ်ရှိပြီ ဖြစ်သည်။

၎င်းင်းအား မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်စေမည်ကိုမူ စီမံနေဆဲဖြစ်ကြောင်း ဒုရဲမှူးကြီးဝင်းမြင့်က ပြောသည်။

“မီးမီး”သည်  မူးယစ်ဆေးနှင့် မိုင်းတွင် မည်သည်ကို အနံ့ခံရှာဖွေနိုင်သည် ဆိုသည်ကိုမူ တိုင်းရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“လိုအပ်တဲ့နေရာတွေမှာ တာဝန် ထမ်းဆောင်ဖို့ စီမံနေဆဲပါ”ဟု ဒုရဲမှူးကြီးဝင်းမြင့်က ဆိုသည်။

အထက်ပါသင်တန်းကို ခွေးထိန်း သည့် ရဲတပ်ဖွဲ့ဝင်နှင့်အတူ တက်ရောက် သင်ယူရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း Labrador  အမျိုးအစား အညိုရောင် ခွေးမလေး “ဆန်းမီ”သည် တိုင်းရဲတပ်ဖွဲ့တွင် မိုင်းရှာဖွေရေး တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး အဆိုပါနှစ်တွင်ပင် သေဆုံးသွားခဲ့သည်။

ကိုဇော်