ဝန်ကြီးချုပ်ဟောင်းထံမှ အိမ်ဝယ်ယူခဲ့သည့်ကိစ္စ ဦးအောင်မြတ် ဖြောင့်ချက်ပေး

0
12401

သရက်ချောင်းမြို့ရှိ ၀န်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ မိသား စုပိုင်အိမ်ကို ၀ယ်ယူခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်က ထားဝယ် မြို့နယ် တရားရုံးတွင် လာရောက် ဖြောင့်ချက်ပေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ဦးအောင်မြတ်သည် ထားဝယ် အကျဉ်းထောင်မှ လုံခြုံရေး ရဲတပ်ဖွဲ့ဖြင့် ထားဝယ်မြို့နယ် တရားရုံးတွင် မတ်လ ၁၅ ရက်က လာရောက် ဖြောင့်ချက်ပေး ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်မှ အမှုဖွင့်ထားသည့် အမှုတွဲ လေးခုအနက်မှ သရက်ချောင်းရှိ သိန်း ၃၂၀ ကျော်တန် ၎င်းင်း၏ မိသားစု ပိုင် အိမ်အား ကျပ်သိန်းနှစ်ထောင်ဖြင့်GGS ကုမ္ပဏီသို့ ရောင်းချခဲ့သည့် အမှုအတွက် လာရောက် ဖြောင့်ချက် ပေးခြင်း ဖြစ်သည်။

“ဖြောင့်ချက်ဆိုတာကတော့ ကျူး လွန်ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး မည်သို့ ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို တာ”ဟု ဦးကျော်မြင့်က ရှင်းပြသည်။

တရားရုံးတွင် ဦးအောင်မြတ်အနေ ဖြင့် မည်ကဲ့သို့ ဖြောင့်ချက်ပေး ထွက်ဆို ခဲ့သည်ကိုမှု ပြောကြားခွင့်မရှိကြောင်း ဦးကျော်မြင့်က ပြောသည်။

ယင်းအိမ်ကိစ္စနှင့်ပတ်သက်ပြီး တရားစွဲအဖွဲ့ဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား မေးမြန်း ရာ လက်ရှိတွင် ယင်းအိမ်ကိစ်္စအား ထုတ်ပြန်ပေးရန် မရှိသေးကြောင်း ဖြေဆိုသည်။

လာရောက်ဖြောင့်ချက်ပေးထွက်ဆိုခဲ့သည့် GGS ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ်မှာ ၀န်ကြီးချုပ်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ဖြင့် အမှုဖွင့်ခံထားရပြီး လက်ရှိတွင် ချုပ်မိန့်ရမန်ဖြင့် ထားဝယ်အကျဉ်း ထောင်တွင် ထိန်းသိမ်းခံထားရသူ ဖြစ်သည်။

Dawei Watch