ကြိုမှာထားသည့် အောင်ဘာလေထီ လက်မှတ်အုပ်ရေ သုံးထောင်နီးပါး ကိုယ်စားလှယ်များ လာမထုတ်

0
906

ဧပြီလ ၁ ရက်နေ့ ဖွင့်လှစ်မည့် ၅၀၀တန် ထီနှင့် ၁၀၀၀တန် ထီလက် မှတ်အုပ်ရေ သုံးထောင်နီးပါးကို ကြိုတင် မှာယူထားသည့် ကိုယ်စားလှယ် ၃ ဦး သတ်မှတ်ချိန်အထိ လာရောက်ထုတ်ယူ ခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

၅၀၀ တန်ထီအုပ်ရေ ၆၆၀ နှင့် ၁၀၀၀ တန်ထီအုပ်ရေ ၂၂၀၀ကို ကြို မှာထားသည့် ကိုယ်စားလှယ် ၃ ဦးသည် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် မတ် လ ၁၁ ရက်အထိ လာရောက်ထုတ် ယူရန် ပျက်ကွက်ခဲ့သည်ဟု အထက်ပါ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလေးမောင်က ပြောသည်။

“ဘာကြောင့် ပျက်ကွက်လဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့်ပေါ့၊ ၀ယ်ယူရန် ပျက်ကွက်သူတွေကို အရင်ကတော့ စာချုပ်ပါစည်းကမ်းအရ Deposit (အာမခံစဘော်ငွေ) တွေကို နိုင်ငံတော်က ပြည်သူ့ဘဏ္ဍာအဖြစ်နဲ့ သိမ်းယူတာမျိုး တွေရှိတယ်၊ အခုက ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး၊ ညွှန်ကြားစာ မလာသေးဘူး”ဟု ဦးလေးမောင်က ဆိုသည်။

သတ်မှတ်ရက်အတွင်း ၀ယ်ယူရန် ပျက်ကွက်သူများကို သဘောတူစာချုပ် ပါ စည်းကမ်းချက်များနှင့်အညီ အာမခံစ ဘော်ငွေ သိမ်းယူရမည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု မတ်လ ၈ ရက်တွင် ထုတ်ပြန်သည့် အောင်ဘာလေ သိန်းဆု ဌာန၏ ကြေညာချက်တွင် ဖော် ပြထားသည်။

တိုင်းဒေသကြီး ပြည်တွင်းအခွန် များဦးစီးဌာန၏ မတ်လ ၁၁ ရက် စာရင်းများအရ ၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ် ၇၁၆၄ အုပ်နှင့် ၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ လက် မှတ် ၂၃၈၈၀ အုပ်ကို ရောင်းချထားပြီး ကိုယ်စားလှယ်ဦးရေစာရင်းကို မသိရ သေးကြောင်း ယင်းဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၂၄ ကြိမ်မြောက် ကျပ် ၅၀၀တန် ၇၈၂၄ အုပ်နှင့် ၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ၂၆၀၈၀ အုပ် အောင်ဘာလေ ထီလက်မှတ်များကို ၀ယ်ယူရောင်းချသူ ထီကိုယ်စားလှယ် ၄၅ ဦး ရှိခဲ့ကြောင်း အထက်ပါ ဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့်လက ထားဝယ်ထီဆိုင် အချို့တွင် ထီလက်ကျန်များခဲ့ပြီး ရန်ကုန်အပါအ၀င် အခြားဒေသများတွင် ၀ယ်သူနည်းခြင်းကြောင့် ဈေးလျှော့ ရောင်းချမှုများ ရှိခဲ့သည်။

မိုးမြင့်