ကော့သောင်းတွင် ဗိုလ်ကြီး အယောင်ဆောင်သူတစ်ဦး ဖမ်းမိ

0
895

ကော့သောင်းမြို့တွင် တပ်မတော်မှ ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦးကို ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အွန်လိုင်းမှတဆင့် ချစ်ကြိုက်ခဲ့သည့် ကော့သောင်းမြို့ရှိ ရည်းစားဖြစ်သူအား လာရောက်တွေ့ဆုံချိန်တွင်  တပ်မတော် သား အယောင်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတည်းခိုသည့် အိမ်မှရည်းစားဖြစ်သူ၏ သူငယ်ချင်းက သံသယရှိသဖြင့် ရဲတပ်ဖွဲ့အား သတင်းပေးခဲ့ရာမှ ယင်းကဲ့သို့ ဖမ်းမိခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ အမှုစစ်အရာရှိဒုရဲအုပ် အောင်မြတ်ယျာထံမှ သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ အထက်ပါ အမျိုးသားတွင် ဇနီးသည်နှင့် သားတစ်ဦး ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော် ပြသည်။

အွန်လိုင်းပေါ်မှ ချစ်ကြိုက်သည့် ရည်းစားဖြစ်သူ အထင်ကြီးစေရန် ယင်းသို့ အယောင်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဓာတ်ပုံ ကပ်ထားသည့် တပ်မတော်အရာရှိ စိစစ်ရေးကတ်ပြားအတုနှင့် တပ်မတော် ယူနီဖောင်းတွင် တပ်ဆင်သည့် အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ပစ္စည်းများတွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ တပ်မတော်မှ ဗိုလ်ကြီးအယောင် ဆောင်ခဲ့သည့် အမျိုးသားကို ဥပဒေအရ အရေးယူထား ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံး မှတ်တမ်းအရ သိရသည်။

Dawei Watch