ပိုကောင်းဆီအုန်းကုမ္ပဏီ လမ်းအသစ် အစားဖောက်ပေးမည်

0
1627

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မတေးကျေးရွာအုပ်စု ကျေးရွာဆယ် ရွာဖြတ်သန်းသွားလာနိုင်ရန်အတွက် ပိုကောင်း ဆီအုန်းကုမ်္ပဏီက လမ်းအသစ် အစားထိုးဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ယင်းကျေးရွာသားတစ်ချို့ထံမှ သိရသည်။

ဆီအုန်းကုမ်္ပဏီမှ လမ်းတားများထားခြင်းသည် ဥပဒေနှင့်မညီဘဲ လုပ်နေပါက ခေါ်ညှိစရာမလိုဘဲ စစ်ဆေးရေးဂိတ် များ ဖယ်ရှားပစ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၉ ရက်ကော့သောင်းခရီးစဉ်တွင် တိုင်းအစိုးရအား ညွှန်ကြားခဲ့ပြီးနောက် ကုမ္ပဏီနှင့် ကျေးရွာသားများ တွေ့ဆုံကာ လမ်းအသစ်ဖောက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်းတို့က ဆိုသည်။

လက်ရှိအသုံးပြုနေသည့် ကုမ္ပဏီအတွင်း လမ်းအစား ကုမ္ပဏီနံဘေးမှနေ၍  ၁၆ ပေအကျယ် ကားနှစ်စီးရှောင်နိုင်ရုံ သွားနိုင်သည့် ကျောက်ခင်းလမ်းသစ် တစ်ခုကို ဖေဖော်ဝါရီ ၂၀ရက်က ကုမ်္ပဏီ ဘက်မှ ဖောက်လုပ်ပေးလျက်ရှိကြောင်း  လမ်းကိစ္စ ညှိနိုင်းဆောင်ရွက်ပေးသည့် ဘုတ်ပြင်းမြို့နယ် NLD မှ မြို့နယ်အလုပ် မှုဆောင် ဦးဝေဇင်က ပြောသည်။

“အစိုးရက ထပ်ချဲ့ပေးရင်ချဲ့သလောက် လမ်းဖြစ်မယ် ကုမ္ပဏီခင်းပေးတဲ့ ကျောက် ခင်းလမ်းနေရာမှာ အစိုးရဘတ်ဂျက်နဲ့ ကွန်ကရစ်လမ်း ဖြစ်အောင်အထိ တင်ပြမယ်ဟု ဦးဝေဇင်က ဆိုသည်။

ကုမ္ပဏီ အတွင်းလမ်းကသွားပါက ဆီအုန်းကုမ္ပဏီ ၀န်ထမ်းလိုင်းခန်း၊ စက်ယန္တရားတွေ ရုံးခန်းများ အလယ်မှ ဖြတ် သွားမည်ဖြစ်သောကြောင့် ကုမ္ပဏီကလမ်းတားဖြင့် စစ်ဆေးရေးဂိတ်များ ဖွင့်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပိုကောင်း ဆီအုန်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခု လမ်းအသစ်ဖောက်လုပ်ပေး ခြင်းအပေါ် ကျေးရွာသားတွေအများစု လက်ခံကြောင်းနှင့် မတ်လ ၁ရက်တွင် စတင်အသုံးပြုနိုင်ရန် ဖောက်လုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပိုကောင်းဆီအုန်းကုမ္ပဏီမှတစ်ဆင့် သွားလာရသည့် ရွာများမှာ  ဘုတ်ပြင်းမြို့ နယ်အပိုင် ကံမော်ကြီးကျေးရွာ၊ ကျား ကိုက်အော် ကျေးရွာ၊ ဖောင်းတန်းရှည်ရွာ၊ တောဝိုင်းမော်ကျေးရွာ၊ အောင်ဆန်း တောင်ကျေးရွာ၊ အရှေ့ကမ်းကျေးရွာ ၊မသေကျေးရွာနှင့် ကော့သောင်းမြို့နယ်အပိုင် ဘာလိအော်ကျေးရွာ၊ အောင်ဇမ်္ဗူ ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

မိုးအိ