ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြပွဲ ပြိုင်ပွဲ လုပ်မည်

0
1220

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ပြပွဲ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး တိုင်းအတွင်း စိုက်ပျိုးထားသည့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ ဝင်ရောက်ပြသယှဉ်ပြိုင်နိုင်ကြောင်း စိုက်ပျိုးရေး ဦးစီး ဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစန်းလွင်က ဆိုသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြိုင်ပွဲတွင် ဟင်းရွက်ပြိုင်ပွဲအုပ်စု၊ ပန်းပြိုင် ပွဲအုပ်စု အစရှိသည့် အုပ်စု ၆ ခုခွဲထားပြီး အုပ်စုတစ်ခုချင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မည်သည့် တောင်သူ/ ခြံရှင် မဆို ၀င်ပြိုင်လို့ရတယ်၊ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး(ထွေအုပ်)တွေကို ဆက်သွယ်နိုင်တယ်”ဟု ဦးစန်းလွင်က ဆိုသည်။
ပြိုင်ပွဲအတွက် ချီးမြှင့်မည့် ဆုကြေးကိုမူ ဆွေးနွေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို တိုင်းအစိုးရထံ တင်ပြ ထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြိုင်ပွဲတွင် အုပ်စုတစ်ခုချင်းအလိုက် အမှတ်ပေးအဖွဲ့များဖွဲ့စည်းထားပြီး ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဦးစန်းလွင်က ဆိုသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြပွဲကိုမူ သက်ဆိုင်ရာ မြို့နယ်တစ်ခုချင်း အလိုက်ဝင်ရောက်ပြသမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။အုပ်စုတစ်ခုချင်းအလိုက် ယှဉ်ပြိုင်နိုင်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ-

ဟင်းရွက်မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ ကိုက်လန်၊ ကန်စွန်းရွက်
ဥစားသီးနှံမုန်လာဥ၊ ကန်စွန်းဥ၊ ပီလောပီနံဥ၊ စိမ်းစားဥ၊ ဝဥ၊ ပိန်းဥ၊ ထန်းမြစ်၊ ပိန်းမြစ်
အသီး အလုံးလိုက်ဘူးသီး၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ သခွားသီး၊ သရက်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ အုန်းသီး၊ ကျွဲကောသီး
အသီး အခိုင်လိုက်ကွမ်းသီး၊ ဓနိသီး၊ ထန်းသီး၊ ဆီအုန်းသီး၊ အုန်းသီး၊ ငှက်ပျောသီး
အသီး အပင်တွဲလိုက်ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကြံ
ပန်းအလှမေမြို့ပန်း၊ ဂန္ဒာမာပန်း၊ သစ်္စာပန်း၊ သစ်ခွပန်း၊ သဇင်ပန်း

ကိုဇော်