တနင်္သာရီ၊ လော့လော့နှင့် ပုလုံးတုံတုံး တံတားများ လာမည့်နှစ်ကုန်စသွားနိုင်မည်

0
692

တနင်္သာရီတိုင်းအတွင်း ဆောက်လုပ်ဆဲ တနင်္သာရီတံတား၊ လော့လော့တံတားနှင့် ပုလုံးတုံတုံးတံတားများကို လာမည့် ၂၀၂၀ နှစ်ကုန်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

ငွေကျပ်သန်းပေါင်း ၁၂၆၀၀ ကုန်ကျ မည့် တနင်္သာရီတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပြီး အရှည် ၁၄၄၃ ဒဿမ ၆၄ ပေရှိကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။

သမုတ်-လော့လော့တံတားမှာ ငွေကျပ်သန်းပေါင်း ၁၁၈၀၀ သန်း ကုန်ကျမည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ကာ အရှည် ၁၂၈၇ ပေရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

အရှည်ပေ ၂၄၀၀ ရှိသည့် ပုလုံးတုံးတုံး တံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် စတင်ဆောက်လုပ်ပြီး ငွေကျပ်သန်း ပေါင်း ၁၃၄၄၀ သန်းကုန်ကျမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ဒီတံတားတွေကို ၂၀၂၀ ခုနှစ် အကုန် မှာ ပြီးနိုင်မယ်လို့ မှန်းထားတယ်”ဟု လမ်းဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ပြောသည်။

အဆိုပါတံတားသုံးစီးစလုံးကို သံကူကွန်ကရစ်အမျိုးအစားဖြင့် တည်ဆောက်နေပြီး အကျယ်ပေ ၃၀ စီရှိကြောင်း တိုင်း လမ်းဦးစီးဌာနထံမှ သိရသည်။

 

ကိုဇော်