လွတ်လပ်ရေးနေ့ အခမ်းအနား လုံခြုံရေးအင်အား တစ်ရာကျော်အသုံးပြုမည်

0
875

ထားဝယ်မြို့တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနား လုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိကွင်းတွင် ဇန်န၀ါရီလ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်နှင့် ဌာနဆိုင်ရာများ၏ ပြခန်းပေါင်း ၆၀ ကျော်ကို ပြသမည် ဖြစ်သည်။

ယင်းပွဲတော် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၆၇ ဦး အသုံးပြု မည်ဖြစ်ပြီး ၀င်ပေါက်၊ ပြခန်း၊ စတိတ်ရှိုး အစရှိသည့် နေရာများတွင် CCTV လုံခြုံ ရေး ကင်မရာ ၁၅ လုံး တပ်ဆင်ကာ စောင်ကြည့်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ဝင်း က ဆိုသည်။

“လွတ်လပ်ရေးနေ့ အောင်အောင်မြင် မြင် ကျင်းပနိုင်ရေးအတွက် လုံခြုံမှု အပြည့်အ၀ ရရှိစေဖို့ ရည်ရွယ်တယ်”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။

ပွဲတော်ကာလအတွင်း မြို့အတွင်း ပုံမှန်ကင်းလှည့်ခြင်းအပြင် အရေးပေါ်ကိစ်္စ ရပ်များကို တုံ့ပြန်ရန် ယာဉ်တင်အသင့် (ကားဖြင့် လုံခြုံရေးယူသည့် ရဲတပ်ဖွဲ့ဝင်များ)လည်း အဆင်သင့် ရှိနေမည်ဖြစ် ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ မှ သိရသည်။

လွတ်လပ်ရေးနေ့ ပွဲတော်တွင် ပြခန်းများ ပြသခြင်းအပြင် နာမည်ကြီး အဆိုတော်များ၏ စတိတ်ရှိုးလည်း ပါဝင် မည် ဖြစ်သည်။

 

ကိုဇော်