အရက်မူးပြီး ထမင်းတောင်းစားရာမှ စကားများကာ အိမ်ရှင်ကို ကတ်ကြေးဖြင့်ထိုး

0
434

မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်က တစ်ရွာတည်း နေ အမျိုးသားတစ်ဦးက အရက်မူးပြီး ထမင်းတောင်းစားရာမှ စကားများကာ အိမ်ရှင်ကို ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
အင်္ဂမော်ကျေးရွာနေ အသက် ၄၉ နှစ်အရွယ် အမျိုးသား၏ နေအိမ်သို့ တစ် ရွာတည်းနေ ရွယ်တူ အမျိုးသားတစ်ဦး အရက်မူးကာ ရောက်လာပြီး ထမင်းတောင်း စားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်း အရ သိရသည်။

ထမင်းတောင်းစားသည့်ကိစ္စနှင့် ပတ်သက်၍ အချင်းများကာ အရက်မူးပြီး ထမင်းတောင်းစားသူက အိမ်ရှင်အမျိုး သားအား အဆိုပါနေအိမ် အပ်ချုပ်စက် ပေါ်တွင် တင်ထားသည့် ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။
ကတ်ကြေးဖြင့် အထိုးရခြင်းကြောင့် အိမ်ရှင်အမျိုးသားတွင် နားထင်ပေါက်ပြဲ ခြင်း၊ နောက်ကျောလက်ပြင် ပေါက်ပြဲ ခြင်း အစရှိသည့် ဒဏ်ရာများရရှိခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်အတွင်း ဝင်ရောက်ကာ ကတ် ကြေးဖြင့်ထိုးသည့် အမျိုးသားကို ရာဇ သတ်ကြီးဥပဒေပုဒ်မ- ၃၂၆ (ဘေးဖြစ်စေ တတ်သည့် လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အထက်ပါ ဥပဒေပုဒ်မကို ဖောက် ဖျက်ပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ် စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုး မျိုးကို ဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။