ထားဝယ်တွင် ကိုးတန်းကျောင်းသားတစ်ဦးကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးကာ ရိုက်နက်စစ်ဆေး

0
578

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း နေအိမ်မှ လမ်းလျှောက်လာသည့် ကိုး တန်းကျောင်းသားတစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်း ဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ရိုက် နှက်ခံရသည့် ကျောင်းသား၏ ဖခင်က ပြောသည်။ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ် ရာ(ငါးထပ်ဆောင်အနောက်ဘက်)တွင် နေထိုင်သည့် အဆိုပါ ကျောင်းသားက မိခင်ဖြစ်သူကို စိတ်ကောက်ကာ အိမ်ပေါ် မှဆင်းလာချိန်တွင် တီဘီရောဂါဓာတ်ခွဲ ခန်းအနီး အရောက်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးပါသည့် အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျောင်းသား၏ ဖခင်ဖြစ်သူ ဦးကျော်စိုးမိုး က ဆိုသည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လာသည့် ဆိုင်ကယ်ပေါ်တင်ကာ ဆေးရုံ ကြီး ဖျားနာဆောင်အစွန်တွင် ရှိသည့် အချုပ်သား၊ ထောင်သားများ ဆေးကု သည့်နေရာဖြစ်သည့် ဆေးရုံအချုပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း ၄င်းက ပြောသည်။

ဆေးရုံဝင်းအတွင်း ထမင်းဆိုင် ရောင်းနေသည့် အဒေါ်ဖြစ်သူ၏ ဆိုင်သို့ သွားရာလမ်းတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ ကြောင်း ဦးကျော်စိုးမိုးက ဆိုသည်။ ဆိုင်ကယ်ပေါ်တက်စဉ်က ခေါင်း ကို ရိုက်နက်ပြီး ဆေးရုံအချုပ်ခန်းထဲ ရောက်ချိန်တွင် လက်ထိပ်ခတ်ပြီး မျက် နှာကို လေးချက်ခန့်ထိုးခဲ့ကြောင်း သား ဖြစ်သူက ပြန်ပြောပြခဲ့သည်ဟု ဖခင်ဖြစ် သူက ဆိုသည်။ ယင်းနောက် ည ၉ နာရီခန့်တွင် သားဖြစ်သူအား မသင်္ကာမှုဖြင့် ဖမ်းထား ကြောင်း ထားဝယ်မြို့ရဲစခန်းမှ ဖုန်း ဆက်လာသည့်အတွက် ယင်းရဲစခန်း တွင် ခံဝန်ဖြင့် သွားထုတ်ခဲ့ရပြီး သားဖြစ် သူတွင် မျက်စိဖူးယောင်ဒဏ်ရာနှင့် နားထင်တွင် ဒဏ်ရာများ ရှိနေကြောင်း ゞင်းက ပြောသည်။ ထားဝယ်မြို့မစခန်းမှူးကမူ ကလေးငယ်၏ ပုံပန်းသဏ္ဍာန်ကို မသင်္ကာသဖြင့် စွပ်ထားသည့် ခေါင်းစွပ် ကို ဆွဲချွတ်ရာမှ လက်နှင့် မျက်လုံးကို ထိခိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကျောင်းသား၏ မျက်လုံး တွင် ရရှိသည့်ဒဏ်ရာမှာ သီးခြားထိုး ကြိတ်ခြင်းမဟုတ်ဘဲ ဆွဲရင်းရုန်းရင်း ထိခိုက်မိခြင်းသာဖြစ်ကြောင်း စခန်းမှူး က ဆိုသည်။

အဆိုပါ ကိုးတန်းကျောင်းသားကို ရဲစခန်းမှ သွားထုတ်လာပြီးနောက် ၄င်း ၏ နှာခေါင်းမှ သွေးထွက်ကျလာသည့် အတွက် ထားဝယ်ဆေးရုံကြီးတွင် တင်ပို့ ကုသထားကြောင်း ဦးကျော်စိုးမိုးက ဆို သည်။ ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင် လေးဦး အနက် အရာရှိတစ်ဦးတည်းကသာ ထိုးကြိတ်ခြင်းဖြစ်ပြီး အဆိုပါအရာရှိက အရက်မူးနေကြောင်း ကျောင်းသား၏ ဖခင် ဦးကျော်စိုးမိုးက ဆိုသည်။ ယင်းနောက် နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ထားဝယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး တို့က ကျောင်းသား၏ အဒေါ်ဖြစ်သူ ထမင်းဆိုင်သို့ လာရောက်ပြီး တောင်းပန် ခဲ့ကြောင်း ဦးကျော်စိုးမိုးက ဆိုသည်။

“အမှုတော့ မလုပ်ချင်ပါဘူးဗျာ၊ သံသယရှိတိုင်းခေါ်ပြီး ရိုက်စစ်လို့ ရ လားလို့ ရိုက်တဲ့လူကို မေးချင်တယ်” ဟု ၄င်းက ပြောသည်။ ထားဝယ်ဆေးရုံကြီးအတွင်းရှိ ခွဲ စိတ်ဆောင်တွင် ပစ္စည်းနှင့်ငွေကြေးများ မကြာခဏ ပျောက်ဆုံးနေသည့်အတွက် ဆေးရုံအချုပ်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်နေစဉ် မေးမြန်းချိန်တွင်လည်း ဖြေကြားခြင်း မရှိ၊ လူနာစောင့်လည်း မဟုတ်သည့် မသင်္ကာသူတစ်ဦးကို တွေ့ရကြောင်း သတင်းပို့လာခဲ့သည်ဟု ထားဝယ် မြို့မရဲစခန်းမှ စခန်းမှူးက ဆိုသည်။ ခွဲစိတ်အဆောင်အနီးတွင် အဝတ် အစားများ လျှံအောင်ထည့်ထားသည့် လွယ်အိတ်ကို လွယ်ထားသည့် မသင်္ကာ ဖွယ်သူအား ရဲတပ်ဖွဲ့ဝင်များက စောင့် ကြည့်နေစဉ် ၄င်းမှာ ယင်းနေရာအနီး တွင်ပင် တဝဲလည်လည်သွားလာနေ ကြောင်း စခန်းမှူးက ဆိုသည်။ ယင်းကြောင့် မသင်္ကာသဖြင့် မေး မြန်းရာ တိတိကျကျ ဖြေကြားနိုင်ခြင်းမရှိ သည့်အတွက် ဆေးရုံအချုပ်သို့ ခေါ် ဆောင်သွားခြင်းသာဖြစ်ကြောင်း ၄င်းက ပြောသည်။

“ထိန်းသိမ်းတဲ့အချိန်မှာ မေးတာ လည်း မပြောဘူး၊ မချေမငံဆက်ဆံတဲ့ သဘောလည်း ရှိတယ်၊ ခေါင်းစွပ်အမည်း ကို ဆွဲချွတ်ချိန်မှာ မျက်လုံးကို ထိခိုက် မိတဲ့ သဘောရှိတယ်”ဟု စခန်းမှူးက ပြောသည်။ ကျောင်းသားကို နောက်ပိုင်း လက် လွတ်စပယ်မထားရန် မိဘများကို လက် မှတ်ထိုးခိုင်းပြီး ဖမ်းဆီးသည့် ညတွင်ပင် ပြန်လွှတ်ပေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။ အထက်ပါ ကိုးတန်းကျောင်းမှာ ပတ်ဝန်းကျင်တွင် ရိုးရိုးအေးအေး နေ တတ်သည်ကိုမြင်ရကြောင်း ဆေးရုံကြီး ဝင်းအတွင်း ဈေးဆိုင်ရောင်းချနေသည့် ဦးအောင်သူက ဆိုသည်။ မသင်္ကာမှုဆိုသည်မှာ တွေ့ရှိသည့် အချိန်၊ အနေအထား၊ မြင်ကွင်းအပေါ် အကဲခတ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ ထိုး ကြိတ်ဖမ်းဆီးခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း ၄င်းက ပြောသည်။