မြိတ်မြို့နယ်အတွင်း အန္တရာယ်ရှိ စာသင်ကျောင်း ၁၁ ကျောင်း အသစ်ပြန်ဆောက်ရန် တင်ပြထား

0
753

မြိတ်မြို့နယ်အတွင်းရှိ စာသင် ကျောင်း ၁၁ ဆောင်အား အန္တရာယ်ရှိနေ သည့်အတွက် အသစ်ဆောက်လုပ်ရန် နိုဝင်ဘာလ ၆ ရက်စွဲဖြင့် တင်ပြထား ကြောင်း မြိတ်မြို့နယ် ပညာရေးမှူးရုံး မှ သိရသည်။ အဆိုပါစာသင်ကျောင်း ၁၁ ဆောင် မှာ လက်ရှိ စာသင်ကြားလျက်ရှိပြီး အသစ်ပြန်တည်ဆောက်ရန် တနင်္သာရီ တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ တင် ပြထားကြောင်း မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။

“တစ်ချို့ကျောင်းတွေက အင်္ဂလိပ် ခေတ်ကတည်းကလို့ ပြောရမလား၊ ခု ချိန်မှာအန္တရာယ်များပြီး စာသင်လို့ အဆင်မပြေတော့ဘူး”ဟု အထက်ပါ ပညာရေးမှူးက ပြောသည်။ အန္တရာယ်ရှိပြီး စာသင်ရန်မသင့် တော်ဟု တင်ပြထားသည့် ကျောင်းများ မှာ မြိတ်မြို့ရှိ အ.လ.က ၉ ဘုရားကိုင် ကျောင်း၊ အ.ထ.က ၄ ကွက်သစ်ကျောင်း၊ သဘွတ်ရွာရှိ အ.ထ.က ကျောင်း၊ ပနာ တောင်ရွှာ အမကကျောင်း၊ အင်္ဂမော်ရွာ အ.ထ.ကကျောင်း၊ ကန်ဖျား အ.လ.က ကျောင်း၊ တောင်ဖီလာ အ.ထ.ကကျောင်း၊ ကွမ်းသီးချောင်းရွာ မူလွန်ကျောင်း၊ အ.လ.က ဗဟိုရ်ကျောင်း၊ တပ်တောင်ရွာ အ.မ.ကကျောင်းနှင့် ကြောင်ငယ်အရပ်ရှိ အ.ထ.က ၂ နှစ်ထပ် ကျောင်းတစ်ဆောင် တို့ပါဝင်ကြောင်း မြိတ်မြို့နယ်ပညာရေး ရုံး စာရင်းအရ သိရသည်။

ယင်းကျောင်းများအနက် စာသင် ကျောင်း ၆ ကျောင်းမှာ အန္တရာယ်အရှိဆုံး အခြေအနေတွင် ရှိနေကြောင်း သိရ သည်။ လက်ရှိကျောင်းသားဦးရေ ၁၄၀ဝ ခန့်ရှိပြီး အန္တရာယ်ရှိ ကျောင်းဆောင် အတွင်း မဖြစ်မနေ စာသင်နေရသည့် ကျောင်းသားများ အတွက် စိုးရိမ်ပူပန်နေ ရကြောင်း မြိတ်မြို့၊ ဘုရားကိုင်အ.လ.က ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးလင်းက ပြောသည်။