မြိတ်တွင် ယခုနှစ် ငါးဖမ်းရာသီအတွင်း ရေလုပ်သား ခြောက်ဆယ် ဦးနီးပါး ထောင်အချုပ်ရောက်

0
647

မြိတ်ခရိုင်တွင် ယခုနှစ်ငါးဖမ်းရာ သီအတွင်း ရေလုပ်သားခြောက်ဆယ်နီး ပါးအဖမ်းခံရပြီး ထောင်အချုပ်ထဲသို့ ရောက်ရှိနေရကြောင်း မြိတ်မြို့နယ် ငါး လုပ်ငန်းဦးစီးဌာန နှင့် မြိတ်ခရိုင်ကင်းမွန် လှေလုပ်ငန်းရှင်များအသင်းထံမှ သိရ သည်။ ငါးဖမ်းရာသီစတင်သည့် ဩဂုတ် လ ၁၅ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ နှစ်လကျော်အကြာ ကာလအတွင်း လိုင်စင်မရှိသည့် ကမ်းနီးငါးဖမ်းလှေများ မှ လှေဦးစီး(ပဲ့နင်း)အပါအဝင် ရေလုပ် သား ၅၅ ဦးကို ဖမ်းဆီးကာ မြိတ်မြို့နယ် တရားရုံးတွင် မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနက တရားစွဲဆိုထားခြင်းကြောင့် ထောင်အချုပ်တွင် ရောက်ရှိနေခြင်းဖြစ် ကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်း ရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ဆိုသည်။

မြိတ်အကျဉ်းထောင်အတွင်း ထောင်အချုပ်သားအဖြစ် ရောက်ရှိနေရ သည့် ရေလုပ်သားများမှာ တစ်နိုင်တစ် ပိုင် လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံ ရေလုပ်သားများ ဖြစ်ကြကြောင်း ဦးဌေးလှိုင်က ပြောသည်။ ငါးဖမ်းရာသီစချိန်မှ နိုဝင်ဘာလ ၄ ရက်အထိ မြိတ်ခရိုင်အတွင်း ကင်း မွန်လှေ ၃ စီး၊ ဝိုင်းချုပ်လှေ(ကင်းမွန်ဝိုင်း ချုပ်) ၃ စီးနှင့် ခြားငါးဖမ်းလှေတစ်စီး တို့ အဖမ်းခံခဲ့ရကြောင်း ၄င်းက ပြော သည်။ ဖမ်းမိခဲ့သည့် လှေ ၇ စီးအနက် ၅ စီးမှာ လုပ်ငန်းလိုင်စင် မရှိသည့်အတွက် အဖမ်းခံရခြင်းဖြစ်ပြီး ကျန်နှစ်စီးမှာ စည်းကမ်းပျက် ငါးဖမ်းခြင်းကြောင့်ဖြစ် ကြောင်း ၄င်းက ဆိုသည်။

ယင်းသို့ဖမ်းဆီးထားခြင်းနှင့် ပတ် သက်၍ မြိတ်မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနသို့ နိုဝင်ဘာလ ၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် သွားရောက်မေးမြန်းရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာ ဝန်ရှိသူတို့နှစ်ဦး အတူရှိနေခဲ့ပြီး တနင်္သာရီ အပတ်စဉ်က မေးသည့် မေးခွန်းများကို ၄င်းတို့နှစ်ဦးအတူတကွ ဖြေကြားခဲ့သည်။ မြိတ်ခရိုင်အတွင်း ရာသီစချိန်မှ နိုဝင်ဘာလ ၄ ရက်အထိ လိုင်စင်မဲ့နှင့် စည်းပျက်လှေ ၆ စီးဖမ်းမိထားပြီး ရေ လုပ်သား ၅၄ ဦးကို မြန်မာပင်လယ်ငါး လုပ်ငန်းဥပဒေအရ အရေးယူထား ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြား သည်။

သို့သော် ၄င်း၏ ဖြေကြားချက်မှာ ခရိုင်ကင်းမွန်လှေလုပ်ငန်းရှင်များအ သင်းက ပြောဆိုသည့် ဖမ်းမိလှေအစီးရေ၊ လူဦးရေတို့နှင့် ကွဲလွဲနေမှုကို မေးမြန်းရာ တိကျသည့် အဖြေပေးနိုင်ခဲ့ခြင်း မရှိပေ။ စည်းပျက်လှေနှစ်စီးကိုမူ ဒဏ်ငွေ ရိုက်နိုင်ရန်အတွက် စီစဉ်နေပြီး ဒဏ်ငွေ မည်မျှရိုက်မည်ဆိုသည်ကိုမူ တိုင်းငါး လုပ်ငန်းဦးစီးဌာနသို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ် ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ ထောင်အချုပ်ထဲသို့ ရောက်နေ သည့် လှေငါးစီးမှ ရေလုပ်သားများမှာ လိုင်စင်မဲ့ ငါးဖမ်းလှေများမှဖြစ်ပြီး ၄င်း တို့ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၄၄ အရ တရားစွဲဆိုထားခြင်းဖြစ် ကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။ လိုင်စင်မရှိသည့် လှေ ၅ စီးမှာ တဝ လိုင်စင်လျှောက်ထားဆဲလှေများ ဖြစ်ကြောင်း ဦးဌေးလှိုင်က ဆိုသည်။ ယခင်က တဝ လိုင်စင်များကို ငါး လုပ်ငန်းဦးစီးဌာနမှ ဒေသလိုအပ်ချက် အရချပေးခဲ့သော်လည်း ယခုအချိန်၌ ချ ပေးခြင်းမရှိတော့၍ ယင်းလျှောက်ထားဆဲ လှေများမှာ လိုင်စင်မဲ့လှေ သဘောကျ ရောက်နေကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် တဝလိုင်စင်လျှောက် ထားသည့် လှေအစီးရေ ၃၀ဝ စီးခန့်ရှိ ကြောင်း ဦးဌေးလှိုင်က ဆိုသည်။

တဝလိုင်စင်များအား ရပ်နားခဲ့ သည့်အချိန်မှစပြီး ယင်းလှေများအနေ ဖြင့် လိုင်စင် ပြုလုပ်၍ မရတော့သည့် အတွက် ငါးခိုးဖမ်းလှေဘဝကို ရောက် ရှိသွားသည့်အနေအထားဖြစ်နေကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးစန်းမောင်က ပြောသည်။ တဝလိုင်စင်သည် ဥပဒေအရ ကမ်း နီးနှင့် ကမ်းဝေးလိုင်စင်အတွင်း အကျုံးမ ဝင်သော်လည်း ဒေသ၏ လိုအပ်ချက်အရ ထုတ်ပေးခြင်းဖြစ်ပြီး ကမ်းဝေးလိုင်စင် နည်းတူ အခွန်ငွေများပေးသွင်းရသည့် လိုင်စင်တစ်မျိုးဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန် လှေလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောပြသည်။ ယင်း တဝ လိုင်စင်များအား ပြီးခဲ့ သည့် သုံးနှစ်ခန့်မှစပြီး ထုတ်ပေးခြင်းမရှိ တော့ကြောင်း ဦးဌေးလှိုင်က ဆိုသည်။ လိုင်စင်လာလျှောက်ကြသည့် ကမ်းနီးလှေအများစုမှာ ကမ်းနီးလိုင်စင် ထုတ်ပေးနိုင်သည့် စည်းကမ်းချက်နှင့် ညီညွတ်ခြင်းမရှိဘဲ သတ်မှတ်ထားသည့် လှေအရွယ်အစား၊ အင်ဂျင်ပါဝါ စသဖြင့် ကြီးမားနေခြင်းကြောင့်ချပေးခြင်းမရှိ ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ ပြောသည်။ စည်းကမ်းချက်နှင့် ကိုက်ညီလျှင် လိုင်စင်များအား ချက်ခြင်းပြုလုပ်ပေး ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ “အခွန်ရတာတစ်ခုတည်းကြည့်ပြီး လုပ်ပေးလိုက်ရင်ရှိတဲ့ သယံဇာတတွေ အကုန်ပြုန်းတီးကုန်လိမ့်မယ်”ဟု ၄င်းက ပြောသည်။

ကမ်းနီးလိုင်စင်သည် လှေအလျား ပေ ၃၀ နှင့် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၂၅ ကောင်အောက်ရှိရမည်ဖြစ်ပြီး ကမ်း ခြေရေအစပ်မှ ၁၀ မိုင်အတွင်း ငါးဖမ်း ဆီးခွင့်ရှိသည့်လိုင်စင်ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ လိုင်စင်မရှိဘဲ ဖမ်းဆီးသည့် ငါး ဖမ်းလှေများကို ပုဒ်မ ၄၄ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေတွင် ဖော်ပြထားသည်။ ၁၉၉၃ ခုနှစ်တွင် ပြန်လည်ပြင်ဆင် ခဲ့သည့် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပုဒ်မ ၄၄ ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် သုံးသိန်း အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ပုဒ်မ ၄၄ အရ လူလည်းထောင်ကျပြီး လှေလည်းအသိမ်းခံရကာ အဆိုးဆုံးက မိသားစုဝမ်းရေးအတွက် ရိုးရိုးသားသား လုပ်ကိုင်စားသောက်သည့် လှေသားများ ပါဝင်နေသည့်အတွက် ကျန်ရစ်သည့် မိသားစုများ ဒုက္ခကြုံနေရကြောင်း ဦးဌေးလှိုင်က ပြောသည်။

“သစ်ခိုးလှေမဟုတ်တော့ ဘယ် လှေသားမှ ထောင်ကျမယ်ဆိုတာ မသိကြဘူး။ ဒါတွေက ပဲ့နင်းနဲ့ ပိုင်ရှင် မှာပဲ တာဝန်ရှိတာ”ဟု ၄င်းက ဆိုသည်။ မိခင်၏အိမ်ကိုပေါင်နှံပြီး ကင်းမွန် ငါးဖမ်းလှေထွက်ခဲ့ရာ ယခုအခါလှေ လည်းအသိမ်းခံရပြီး အိမ်ထောင်ဦးစီးနှင့် လှေသားအားလုံး ထောင်အချုပ်ထဲ ရောက် နေသည့်အတွက် ကျောင်းနေအရွယ် ကလေး ၂ ယောက်ဖြင့် ဒုက္ခရောက်နေရ ကြောင်း ရေပုန်းရပ်နေ အသက် ၃၆ နှစ်ရှိ ဒေါ်စန်းစန်းမူက ပြောသည်။ “ငွေဒဏ်နဲ့ပဲ အမိန့်ချစေချင်တယ်။ ထောင်ဒဏ်ဆိုရင်တော့ ဘဝပျက်သွား ကြမယ့် မိသားစုတွေ အများကြီးရှိတယ်” ဟု ၄င်းက ပြောသည်။ ဒေါ်စန်းစန်းမူ အမျိုးသား၏ ငါး ဖမ်းလှေမှာ လွန်ခဲ့သည့် ၁၅ ရက်ခန့် ကဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းမိသည့် ၂ ပတ်အတွင်း နေအိမ်ရှိ ဆိုင်ကယ်တစ်စီး အား ရောင်းချ၍ လှေသားများ၏မိသား စုများအား ကူညီပေးခဲ့ပြီးဖြစ်ကာ ယခု အချိန်၌ စားဝတ်နေရေး အခက်အခဲကြုံ နေကြောင်း ဒေါ်စန်းစန်းမှုက ပြောပြ သည်။

တရားမဝင်ငါးဖမ်းလှေများ စည်း ကမ်းနှင့်မညီသည့် ငါးဖမ်းလှေများအား ရေတပ်နှင့် ပင်လယ်ပြင် စိုးမိုးရေးတပ် များ ပူးပေါင်းဖမ်းဆီးကာ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ် နှံပြီး စစ်ဆေးကာ တရားစွဲဆိုခြင်းများ ပြုလုပ်နေကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ နိုဝင်ဘာလ ၄ ရက်က မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့်လွှတ် တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များနှင့် ဒေသခံများတွေ့ဆုံပွဲ၌ ထောင် နှုတ်ခမ်းကိုနင်း၍ မိသားစုဝမ်းရေး တစ် နိုင်တစ်ပိုင်ရှာဖွေစားသောက်နေသည့် ဒေသခံရေလုပ်သားများအား ထောင်ချ နေသည့် ယင်းပုဒ်မ ၄၄ အား ပြန်လည် ပြင်ဆင်ပေးရန် လွှတ်တော်ကိုယ်စား လှယ်များအား ဦးဌေးလှိုင်က တင်ပြ တောင်းဆိုခဲ့သည်။ ၄င်းအပြင် တဝလိုင်စင်များအား ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုနိုင်သည့် ကိရိယာအလိုက် လိုင်စင်ထုတ်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် အစည်းအဝေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးအောင်ကြည်ညွှန့် မြိတ်သို့ရောက်ရှိ စဉ် တင်ပြခဲ့ဖူးကြောင်း ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ဆို သည်။ “ငါးဖမ်းလှေထွက်လိုက်လို့ ထောင် ကျမယ်ဆိုတဲ့အသိ သူတို့(ရေလုပ်သား) မှာမရှိဘူး”ဟု မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောသည်။