စက်မှုလက်မှုလေ့ကျင့်ရေး သင်တန်းကျောင်းဆောက်နိုင်ရန် ကြိုးစားမည်ဟုဆို

0
431

ထားဝယ်ဒေသတွင် လူငယ်များ အတွက် စက်မှုလက်မှုလေ့ကျင့်ရေးသင် တန်းကျောင်း ဆောက်နိုင်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က ပြောသည်။

ကမြောကင်းတံတားအနီးရှိ သတ္တု သန့်စင်စက်ရုံနေရာမှာ လက်ရှိတွင် အသုံးပြုခြင်းမရှိသည့်အတွက် ချုံနွယ်များတက်နေပြီး ယင်းနေရာတွင် လေ့ ကျင့်ရေးသင်တန်းကျောင်း ဆောက်ပြီး အဓိပ္ပာယ်ရှိရှိ အသုံးချနိုင်ရန် လုပ်ဆောင် မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါနေရာကို အသုံးပြုခွင့်ရရန်နှင့် စက်မှုလက်မှုလုပ် ငန်းအတွက် သင်တန်းကျောင်း ဆောက် ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းမေးရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်ပင်ပြောဆိုထားကြောင်း ဦးကြည်စိုးက ပြောသည်။

“အထက်တန်းပညာကို ပြီးဆုံးသွား အောင်အထိ မသင်လိုက်ရဘဲနဲ့ ထိုင်းနိုင်ငံ ကို ရောက်သွားတဲ့ လူငယ်တွေကို အမြန်ဆုံးနည်းနဲ့ ကုစားပေးနိုင်တဲ့ တစ်ခု တည်းသော နည်းလမ်းကတော့ စက်မှု လက်မှုလေ့ကျင့်ရေး သင်တန်းကျောင်း တည်ထောင်ပေးဖို့ ဖြစ်ပါတယ်”ဟု ဦးကြည်စိုးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နေထိုင်သူ ၂ သိန်းနီးပါးက ထိုင်းနိုင်ငံတွင် အလုပ် သွားလုပ်နေကြကြောင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းအရ သိရသည်။