မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောတောင်မြို့ နေအိမ်တချို့ ရေဝင်

0
494

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ တွင် နိုဝင်ဘာလ ၈ ရက်မှစပြီး မိုး အဆက်မပြတ် ရွာသွန်းသဖြင့် နေအိမ် တချို့သို့ ရေဝင်ရောက်ခဲ့ကြောင်း မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုး အောင်ထံမှ သိရသည်။ တောင်ကျရေများကျဆင်းသည့် အတွက် နေအိမ် ၇ အိမ် ရေဝင်ခဲ့ပြီး လမ်းရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဦးကျော်မျိုးအောင်က ပြောသည်။

လမ်းရေလျှံမှုကြောင့် ပိတ်ဆို့နေ သည့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် ဖိုးသီးချိုလျှပ်စစ် လုပ်ငန်းမှ မြေတူးစက်ဖြင့် ကူညီဆောင် ရွက်ပေးနေကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ဆိုသည်။ “မိုးက ရွာတော့ ရွာနေသေးတယ်” ဟု ၄င်းက နိုဝင်ဘာလ ၉ ရက် ညနေ ၅ နာရီခန့်တွင် ပြောသည်။ ၄င်းအပြင် တနင်္သာရီမြို့မှ မော တောင်သို့ အသွားလမ်းပေါ်ရှိ သိန်ခွန်း ကျေးရွာအုပ်စု အမှတ် ၉ ကျေးရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့် တံတား ပေါ်သို့ ရေ ၅ ပေခန့်ကျော်တက်သွားခဲ့ သည့်အပြင် ရေမြုပ်ခဲ့သည့်နေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရကြောင်း အမှတ် ၉ ကျေးရွာနေ ဦးအေးမင်းကိုက ပြောပြသည်။

“နေအိမ် ၆ ဆောင်လောက် ပြောင်း ခဲ့ရတယ်။ တံတားကတော့ပြန်ပေါ်တော့ မယ်”ဟု ဦးအေးမင်းကိုက ပြောသည်။ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လမ်းမများပေါ်ရေလွှမ်းမှုများဖြစ်နေ သော်လည်း မောတောင်-မြိတ် ယာဉ် လိုင်းများမှာ ရပ်နားထားရမည့်အခြေ အနေမရှိသေးကြောင်း ယင်းယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့ သည့် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းသို့ ရွေ့လျားကာ မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိလာနိုင်သည့်အတွက် တနင်္သာရီတိုင်းအပါအဝင် ပြည်နယ် နှင့်တိုင်းအချို့တွင် မိုးရွာသွန်းမည်ဖြစ် ကြောင်း မိုးဇလနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။