အလှူ၊ ကထိန်များအတွက် ပုဏ္ဏားအကအဖွဲ့

0
638

အလှူနှင့် ကထိန်ပွဲများတွင် အခမဲ့ ဖျော်ဖြေပေးမည့် ပုဏ္ဏားအကအဖွဲ့ကို ဒေသမရွေးခေါ်ယူနိုင်ပြီဖြစ်ကြောင်း မြိတ် တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်ရှိ ကာယဒါနပရဟိတ ပုဏ္ဏားလူငယ်များ အဖွဲ့ထံမှ သိရသည်။

ကထိန်ပွဲအပြင် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ စသဖြင့် အလှူ များတွင် အခြားတိုင်းနှင့်ပြည်နယ်များရှိ ကျေးရွာများအထိ သွားရောက်ဖျော်ဖြေ ပေးမည်ဖြစ်ကြောင်း ကာယဒါနပရဟိတ ပုဏ္ဏားလူငယ်များအဖွဲ့ခေါင်းဆောင် ဦးသစ္စာက ပြောသည်။
“မနှစ်တုန်းကဆိုရင် ကျိုခမီမြို့ အထိ သွားပြီးဖျော်ဖြေပေးခဲ့တယ်”ဟု ဦးသစ္စာက ပြောသည်။

နယ်ဝေးမှ ခေါ်ယူမည့်အလှူပွဲများ အတွက် အသွားအပြန်ခရီးစရိတ်တို့နှင့် နေထိုင်စားသောက်မှုတို့အား စီစဉ်ပေး ရန်လိုအပ်ကြောင်း ဦးသစ္စာက ဆို သည်။
“အခကြေးငွေ တပြားမှ မယူပါဘူး စေတနာရှိလို့ ဆုချတာဆိုရင် လက်ခံ တယ် ဆုမချလည်းဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောသည်။

ကာယဒါနပရဟိတ ပုဏ္ဏားလူငယ် များအဖွဲ့ကို ၂၀၁၇ ခုနှစ် ဝါတွင်းကာလ တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် အကလူငယ် ၇၀ ကျော်ရှိကြောင်း သိရ သည်။
ပုဏ္ဍားအကအပြင် ဇော်ဂျီအက၊ ပုဂံ အကနှင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက စသည့် အကများဖြင့် အကအမျိုးအစား ၃၃ မျိုး ခန့်ဖြင့် ဖျော်ဖြေပေးမည်ဖြစ်ပြီး အလှူရှင် များအနေဖြင့် ကာယဒါနပရဟိတ ပုဏ္ဏား လူငယ်များအဖွဲ့ ဖုန်း၀၉၇၉၀၉၆၂၄၈၄ ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။