ရေဖြူတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

0
419

တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုများကြောင့် မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံ ကွမ်းသီးခြံပိုင်ရှင် ၁ ဦးထိခိုက် ဒဏ်ရာရရှိသည်ဟု မွန်ပြည်သစ်ပါတီ နှင့် ဒေသခံတို့ထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ရေးမြို့နယ် ဟံဂံ ကျေးရွာခံ မင်းချမ်းမွန်(ခ) အဗလိုင်း (၃၀နှစ်) ဆိုသူသည် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးရှိ ကွမ်းသီးခြံ သို့အဝင် လမ်းမဘေးတွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိကာ မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံနေရသည်ဟု မြေမြှုပ်မိုင်းနင်းမိသူ၏ အစ်ကိုဖြစ်သူ နိုင်ရိန်းက ပြောသည်။

“ထိတာက ခြေနှစ်ဖက်စလုံးထိ တယ် လက်တွေမှာတော့ ခြစ်မိတာရှိ တယ်၊ ညာခြေတစ်ဖက်ကတော့ ဖြတ်ပစ် ရမယ်လို့တော့ ဆရာဝန်က ပြောတယ်၊ ဘယ်ခြေကတော့ အထိနည်းတယ်၊ ဆရာဝန်တွေ သေချာစိစစ်ပြီးမှ သေချာ သိရမှာ၊ ဖြစ်တာက မနေ့ (အောက်တိုဘာ ၂၈) က မနက် ၁၁ နာရီလောက်မှာဖြစ်သွား တယ်၊ သူက (မိုင်းနင်းမိသူ) ခြံမှာ ကျန် ခဲ့တဲ့ထမင်းအိုးသွားယူတာ ခြံနှစ်ခြံကြား မှာ လမ်းရှိတယ် ကားလမ်းပေါ့ အဲလမ်း မှာပဲ နင်းမိတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါဒေသတွင် ခြံသွားရောက် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကျော်ကြာ ရှိခဲ့ပြီး မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ် မျိုးနှင့် မကြုံဖူးသလို ကြားလည်း မကြားဖူးကြောင်း နိုင်ရိန်းက ဆက်ပြော သည်။

အောက်တိုဘာ ၁၅ ရက်က လည်း လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်း နင်းမိသဖြင့် ဘယ်ခြေ ထောက် ထိခိုက်ဒဏ်ရာရှိခဲ့ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိဆေးရုံတွင် တက် ရောက်ဆေးကုသခံနေရပြီး ဘယ်ခြေ တစ်ဖက် ဖြတ်ထားရသည်ဟု မွန်ပြည် သစ်ပါတီထံမှ သိရသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ် ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ် မြေဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့တို့မှလည်း တစ်ခါတစ်ရံ လှုပ် ရှားသွား လာလေ့ရှိသည့်နယ်မြေဒေသ ဖြစ်သည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီအနေနှင့် အပစ် အခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်နောက် ပိုင်းတွင် မြေမြှုပ်မိုင်းအသုံးပြုမှု မရှိခဲ့ ကြောင်း ယခုဖြစ်ပွားခဲ့သည့် မြေမြှုပ် မိုင်းပေါက်ကွဲမှုဖြစ်စဉ်သည်လည်း ၎င်း တို့တပ်ဖွဲ့မှ မြေမြှုပ်မိုင်းများမဟုတ် ကြောင်း ပြောသည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ မြေ မြှုပ်မိုင်း အသုံးမပြုဘူးဆိုတာ လက်မှတ် ထိုးထားတာ မရှိပေမယ့် ၉၅ နောက်ပိုင်း မှာ မြေမြှုပ်မိုင်း အသုံးပြုတာ မရှိခဲ့ဘူး၊ လို အပ်ချက်အရ အသုံးပြုဖို့ရှိလာရင် လည်း ဒေသခံပြည်သူတွေကို အသိပေးရ မယ်၊ အချိန်ကာလ သတ်မှတ်ချက်နဲ့ ၁၀ ရက်လား နှစ်ပတ်လား ပြီးတာနဲ့ ပြန် ဖြုတ်ရတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့လှုပ် ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ်အတွင်းတွင် နယ်မြေအငြင်းပွားမှု ကြောင့် ၂၀၁၆/၂၀၁၇ ခုနှစ်က ၆ ကြိမ် ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည်။