ထားဝယ်ဆေးရုံမှတ်တမ်းတွင် ရှားပါးသွေးအလှူရှင် တစ်ရာခန့်ရှိ

0
476

ထားဝယ်ပြည့်သူ့ဆေးရုံ၏ သွေး အလှူရှင်မှတ်တမ်းတွင် ရှားပါးသွေး အမျိုးအစားအလှူရှင်တစ်ရာ ဦးခန့်ရှိ ကြောင်း ဆေးရုံ၏ သွေးလှူဘဏ်မှ အထူးကုဆရာဝန် (ရောဂါဗေဒ) ဒေါက်တာစန်းစန်းဝင်းက ပြောသည်။
ရှားပါးသွေးများဖြစ်သည့် A(-)၊ B(-)၊ AB(-)နှင့်O(-) သွေးအမျိုး အစားများမှာ လူတစ်ရာလျှင် တစ်ဦး၊ နှစ်ဦးခန့်သာ တွေ့ရလေ့ရှိကြောင်း ဒေါက်တာစန်းစန်းဝင်းက ပြောသည်။

ထားဝယ်ဆေးရုံတွင် လာရောက် လှူဒါန်းသူများအား သွေးအမျိုးအစား စစ်ဆေးကာ ရှားပါးသွေးရှိသူများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
“သွေးစစ်လို့ ရှားပါးသွေးထဲမှာ ပါနေတယ်ဆိုရင် လိပ်စာ၊ ဖုန်းနံပါတ် တွေ ယူထားလိုက်တယ်။ တကယ်လို့ အဲဒီသွေးတွေ လိုအပ်လာရင် ဖုန်းဆက် ပြီး သွေးလှူဖို့ခေါ်လို့ရအောင်ပေါ့”ဟု ဒေါက်တာစန်းစန်းဝင်းက ဆိုသည်။

လက်ရှိအခြေအနေတွင် ထားဝယ် ဆေးရုံမှာ ရှားပါးသွေးကြောင့်အခက် အခဲများမရှိသေးဘဲ ထားဝယ်တွင် ရှား ပါးသွေး ရှာဖွေရခက်ခဲပါက မော်လမြိုင်၊ ရန်ကုန်မြို့များရှိ သွေးလှူရှင် ကွန်ရက် များထံတွင် အကူအညီတောင်းလေ့ရှိ ကြောင်း ဒေါက်တာ စန်းစန်းဝင်းက ပြောသည်။
ပုံမှန်သွေးအလှူရှင်များမှာ ပျမ်းမျှ လတစ်လလျှင် သုံးရာကျော်ခန့် လစဉ် ထားဝယ်ဆေးရုံတွင် သွေးလာရောက် လှူဒါန်းလေ့ရှိကြောင်း ထားဝယ်ဆေးရုံ သွေးလှူဘဏ်ထံမှ သိရသည်။