တာဝန်ပေးပါက အနံ့ဆိုးကိစ္စ ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု စည်ပင်ကော်မတီဥက္ကဋ္ဌဆို

0
508

တိုင်းအစိုးရအနေဖြင့် တိုက်ရိုက် တာဝန်ပေးပါက အနံ့ဆိုးများထွက်ရှိနေ သည့် ငါးအမှုန့်ကြိတ်စက်ရုံများအား ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက ပြောသည်။
မြိတ်မြို့အတွင်းရှိ ငါးအမှုန့်ကြိတ် စက်ရုံများမှ ယခုရက်ပိုင်းအတွင်း အနံ့ ဆိုးထွက်ရှိနေသည့်အပေါ် မြို့သူမြို့သား များမှ လူမှုကွန်ရက်များပေါ်၌ ရေးသား ဝေဖန်နေကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဦးမြတ်ကိုကိုက အောက်တိုဘာလ ၁၅ ရက်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရက တရားဝင်ဖွဲ့စည်းပေးထား သည့် ငါးအမှုန့်ကြိတ်စက်ရုံ စောင့်ကြည့် ရေးအဖွဲ့တစ်ဖွဲ့ရှိနေပြီး ယင်းအဖွဲ့ အတွင်း စည်ပင်ကော်မတီ ပါဝင်ခြင်းမရှိ သောကြောင့် စည်ပင်သာယာရေး ဥပဒေ ဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်ခြင်း မပြုလုပ်နိုင်ကြောင်း ဦးမြတ် ကိုကိုက ဆိုသည်။
“စာတစ်အုပ် ကိုင်ထားပြီး လုပ်လို့ မရ ဖြစ်နေတယ်။ အစိုးရအနေနဲ့ တာဝန် ပေးမယ်ဆိုရင် ခုချက်ချင်း ပြတ်ပြတ် သားသား ကိုင်တွယ်မယ်”ဟု ၎င်းက ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ ငါးအမှုန့် ကြိတ်စက်ရုံများ၏ အနံ့ဆိုး ထွက်ရှိနေမှု နှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများပါသည့် မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့် ရပ်ကွက်စောင့်ကြည့်ရေး အဖွဲ့များဖွဲ့ကာ တစ်လတစ်ကြိမ် သွားရောက်စစ်ဆေးနေ သည်ဟု မြို့နယ်ကြီးကြပ်ရေးစစ်ဆေး ရေး အဖွဲ့ခေါင်းဆောင် ဦးရန်ကင်းက ပြောသည်။

“ဘယ်နေ့ရယ်လို့တော့မဟုတ်ဘူး ရှောင်တခင် ဝင်စစ်ဆေးနေတယ်”ဟု ၎င်းက ပြောသည်။
တစ်လတစ်ကြိမ် သွားရောက်စစ် ဆေးနေပြီး ယင်းစက်ရုံများ လုပ်ဆောင် ရန် သက်ဆိုင်ရာဌာနအလိုက် အကြံပြု ချက်များပေးကာ တွေ့ရှိချက်များအား အထွေထွေအုပ်ချုပ်ရေးဌာနသို့ ပြန်လည် ပေးပို့မှုများ ပြုလုပ်နေကြောင်း မြို့နယ် ကြီးကြပ်စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် က ပြောပြသည်။
ငါးအမှုန့်ကြိတ် စက်ရုံ၏ခေါင်း တိုင်မြှင့်ခိုင်းခြင်း၊ ရေဖြန်းနော်ဇယ်နှင့် အနံ့စုပ်ယူသည့် ကော်သီးများ လဲလှယ် ခိုင်းခြင်း၊ အနံ့ထွက်ခြင်းနှင့်သက်ဆိုင် သည့် ငါးလတ်ဆတ်မှုကို စစ်ဆေးခြင်း များ ပြုလုပ်နေသည်ဟု ၎င်းကဆက် လက်ပြောဆိုသည်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အင်းလေးမြိုင်စက်မှုဇုန်အတွင်း လည် ပတ်နေသည့် ငါးအမှုန့်ကြိတ်စက်ရုံ ၄ ရုံနှင့် ကျွန်းစုမြို့နယ် ပထော်ပထက်ကမ်း တွင် စက်ရုံတစ်ရုံရှိပြီး ပြီးခဲ့သည့်လများ က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်း စစ်ခြင်းအစီရင်ခံစာ(EMP)များ ရေးဆွဲ ကာ လူထုအား ရှင်းပြခဲ့ဖူးသည်။