၈၆၅ နှစ်မြောက် ရိုးရာနဂါးလှေ လှော်ပွဲကျင်းပမည်

0
452

၈၆၅ နှစ်မြောက် တနင်္သာရီရိုးရာ နဂါးလှေလှော်ပွဲတော်ကို အောက်တိုဘာ လ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့် တင်ရေး ကော်မတီထံမှ သိရသည်။

လှေလှော်ပွဲတော်ကို တနင်္သာရီမြို့ ရှိ တနင်္သာရီမြစ်အတွင်း ကျင်းပမည်ဖြစ် ပြီး နဂါးလှေတော် ၆ စီးဖြင့် ကျင်းပမည် ဖြစ်ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်

ရိုးရာနဂါးလှေလှော်ပွဲတော်တွင် တနင်္သာရီမြို့နယ်မှ ရွှေနန်းသာရီနှင့် ငွေနန်းသာရီ နဂါးလှေတော်များ၊ လယ် သစ်ကျေးရွာမှ မြကြီးအောင်၊ ရန်ကြီး အောင်၊ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် နဂါးလှေတော်များ ပါဝင်မည်ဖြစ် ကြောင်း ဦးသန်းစိုးဝင်းက ဆိုသည်။

တနင်္သာရီမြို့၏ ရှေးဟောင်းရိုး ရာဓလေ့တစ်ခုဖြစ်သည့် နဂါးလှေလှော် ပွဲတော်အား နှစ်စဉ် ချောင်းကြီးကျောင်း တိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်း ကျွတ်လပြည့်ကျော် ၄ ရက်တွင် ကျင်းပ လေ့ ရှိသည်။