မြို့နယ်သုံးခုတွင် စည်ပင်သာယာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေး စီမံကိန်းလုပ်ဆောင်မည်

0
389

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့နယ် တို့တွင် စည်ပင်သာယာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်မည်ဖြစ် ကြောင်း VNG International အဖွဲ့ထံ မှ သိရသည်။
ယင်းစီမံကိန်းသည် စည်ပင်သာယာ ရေးအဖွဲ့က လုပ်ဆောင်နေသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ၊ မြို့နယ်အဆင့် စည်ပင်သာယာရေးအဖွဲ့များ ပိုမိုအား ကောင်းလာစေရန်အတွက် ဆောင်ရွက် ပေးမည့် စီမံကိန်းဖြစ်ကြောင်း နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုသည်ပင် သာယာရေးအဖွဲ့အစည်းဖြစ်သည့် VNG International အဖွဲ့၏ ပြန်ကြားရေး အရာရှိ ဦးရဲမင်းထွေးက ပြောသည်။

“စည်ပင်ရဲ့ဝန်ဆောင်မှုတွေ ပိုကောင်း လာအောင်လို့ ထောက်ပံ့ပေးမှာ Plan(အစီအစဉ်) အသစ်တွေ ဘာမှထည့်ပေး မှာမဟုတ်ဘူး။ သူတို့ (စည်ပင်)က လုပ် နေတဲ့ အစီအစဉ်တွေကို နည်းပညာ အထောက်အပံ့ပေးမယ်”ဟု ဦးရဲမင်းထွေး က ဆိုသည်။
တနင်္သာရီတိုင်းတွင် လက်ရှိတွင် ယင်းစီမံကိန်းစတင်ရန်အတွက် ကနဦး ဆန်းစစ်ခြင်းလုပ်ငန်းများ စတင်ဆောင် ရွက်နေပြီး လာမည့် ဒီဇင်ဘာလတွင် တနင်္သာရီတိုင်းအစိုးရနှင့် နားလည်မှု စာချွန်လွှာ (MoU)လက်မှတ်ရေးထိုး မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းစီမံကိန်းကို ဥရောပသမဂ္ဂ ထောက်ပံ့သည့် ရန်ပုံငွေ ၂ ဒဿမ ၅ သန်းဖြင့် တနင်္သာရီတိုင်းနှင့် ချင်းပြည် တို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ကာလမှာ လေးနှစ်ဖြစ်ကြောင်း ယင်းစီမံ ကိန်းကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
စီမံကိန်းကို နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုစည်ပင်သာယာရေး အဖွဲ့ အစည်းဖြစ်သည့်VNG International က တနင်္သာရီတိုင်းတွင် လောကအလင်း၊ ချင်းပြည်နယ်တွင် အောက်ချင်းလူမှုအဖွဲ့ အစည်းတို့နှင့် ပူးပေါင်းအကောင်အထည် ဖော်မည် ဖြစ်သည်။