တိုင်းအား/ကာသိပ္ပံ တည်ထောင်မည့် မြေနေရာ ပြည်ထောင်စုသို့ တင်ပြထား

0
378

တနင်္သာရီတိုင်းဒေသကြီး အားက စားနှင့် ကာယပညာသိပ္ပံကျောင်း တည် ထောင်ရန် ရေဖြူမြို့နယ် ကျောက်ရှပ်ရွာ အနီးမှ မြေနေရာ ဧက ၅၀ အားပြည် ထောင်စုအစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြထားကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

လွန်ခဲ့သည့် ဩဂုတ်လက တင်ပြ ထားခြင်းဖြစ်ပြီး ယင်းမြေနေရာတွင် အား ^ကာသိပ္ပံကျောင်း တည်ထောင်ရန် ဖြစ်နိုင်ခြေရှိမရှိ ပြည်ထောင်စုမှ အတည် ပြုပေးမည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။
အကယ်၍ ယင်းနေရာတွင်အား / ကာသိပ္ပံတည်ထောင်ရန် အတည်ပြုပြီး ကျောင်းတည်ထောင်ပါက တနင်္သာရီ တိုင်းအတွင်းမှ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းကျောင်းသားများက မိမိတို့သင်ယူ လိုသည့် အားကစားနည်းမျိုးစုံကို ယင်း သိပ္ပံကျောင်းတွင် တက်ရောက်သင်ကြား နိုင်မည် ဖြစ်သည်။

သိပ္ပံကျောင်းတွင် ဘောလုံးကွင်း ၂ ကွင်းနှင့် အားကစားနည်းပေါင်းစုံ အတွက် အားကစားရုံများ၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း သင်ကြားမည့်အထက် တန်းကျောင်းနှင့် အိပ်ဆောင်များပါဝင် မည်ဖြစ်ပြီး ပထမနှစ်အတွက် ကျောင်း သား ၁၅၀ ကို သင်ကြားပေးနိုင်မည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။
“ကျောင်းသားရဲ့ အဆစ်အပေါက် (ကိုယ်ထည်)၊ ကျောင်းသားရဲ့ ဝါသနာ အပေါ်မူတည်ပြီး ဆရာတွေကရွေးချယ် သင်ကြားပေးမှာပါ”ဟု ဦးစိုးမိုးနိုင်က ပြောသည်။
တိုင်းအား/ကာသိပ္ပံကျောင်း တွင် ၃ နှစ်သင်ကြားရမည်ဖြစ်ပြီး ကျောင်းပြီး ပါက အား/ကာသိပ္ပံတက္က သိုလ်တွင် ဆက်လက်သင်ကြားခွင့်ရမည် ဖြစ်သည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ် အား/ကာ သိပ္ပံတည်ထောင်ခဲ့ပြီး လာမည့်နှစ်တွင် ကယားပြည်နယ်အား/ကာ သိပ္ပံကို တည် ထောင်ရန်ရှိကြောင်း တိုင်းအား/ကာထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း အားကစား ဝါသနာရှိအချို့ကမူ ယင်းသို့သော အား^ကာသိပ္ပံမျိုး တည်ထောင်နိုင်ပါက တိုင်းတွင်းအားကစားကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုးလာမည်ဟု မျှော်လင့်နေကြ သည်။