ပုလဲမွေးမြူရေးဧရိယာတွင် သန္တာကျောက်တန်း ချိုးယူ၊ ဖျက်ဆီးက ငွေကျပ်ငါးသိန်း ဒဏ်ရိုက်မည်

0
690

ပုလဲမွေးမြူရေးကျွန်းစခန်းဧရိယာ အတွင်းရှိ သန္တာကျောက်တန်းများအား ဖျက်ဆီးခြင်း၊ ချိုးယူခြင်းများ ပြုလုပ်ပါ က ဒဏ်ငွေ ကျပ် ငါးသိန်း ပေးဆောင်ရ မည်ဖြစ်ကြောင်း မြန်မာ့ပုလဲရောင်းဝယ် ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ(ထုတ်လုပ်ရေး) ရုံးထံမှ သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် ပုလဲမွေးမြူရေးစခန်းများသို့ အောက်တိုဘာလ ၁ ရက်မှစပြီး လည် ပတ်ခွင့်ပြုမည်ဖြစ်သဖြင့် မြန်မာ့ ပုလဲ ရောင်းဝယ်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းမှ ခရီးသွားလုပ်ငန်းများ လိုက် နာဆောင်ရွက်ရမည့် အချက် ၁၃ ချက် ကို ထုတ်ပြန်ခဲ့သည်။

“ကမ်းခြေမှာ လျှောက်ရင်းနဲ့ ရေနေ သတ္တဝါတွေကိုဖမ်းပြီး စားတာ တွေ ကောက်ယူ သိမ်းဆည်းတာတို့ လုပ်မယ် ဆိုရင် ဒဏ်ငွေ ကျပ် ငါးသိန်း သတ်မှတ် ထားပါတယ်”ဟု မြန်မာ့ပုလဲ ရောင်းဝယ် ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးလွင်က ပြော သည်။
ခရီးသွားလုပ်ငန်းများအတွက် ထုတ်ပြန်ထားသည့် အချက် ၁၃ ချက် အနက် ၁၂ ခုမြောက် အချက်အရ ပုလဲမွေးမြူရေးကျွန်းစခန်း ဧရိယာအတွင်း လေ့လာနေစဉ် သစ်ပင် သစ်ကိုင်းများ အား အကြောင်းမဲ့ ချိုးယူဖျက်ဆီးခြင်း၊ သန္တာကျောက် တန်းများအား ဖျက်ဆီး ခြင်း၊ ချိုးယူခြင်း၊ ကမ်းခြေတစ်လျှောက် ရှိ ခရုနှင့် အခြား ရေနေသတ္တဝါများအား ဖမ်းယူ စားသုံးခြင်း၊ ကောက်ယူသိမ်း ဆည်းခြင်း စသည့် အပြုအမူများ မပြု လုပ်ရန် တားမြစ်ထားပြီး တွေ့ရှိပါက သတ်မှတ်ထားသော ဒဏ်ငွေကျပ် ငါးသိန်း ပေးဆောင်စေမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပုလဲမွေးမြူရေး ဧရိယာ အတွင်း သတ်မှတ်ထားသော အမှိုက်ပုံး တွင် မစွန့်ပစ်ဘဲ အမှိုက်စွန့်ပစ်ခြင်းများ တွေ့ရှိပါက ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ ပုလဲရောင်းဝယ်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းထံမှ သိရသည်။
ခရီးသွားလုပ်ငန်းများလိုက်နာရ မည့် စည်းကမ်းချက် ၁၃ ချက်အား သက်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုလုပ် ငန်းများသို့ စက်တင်ဘာလ ၂၁ ရက်က ကြိုတင်အသိပေးထား ပြီးဖြစ် ကြောင်း ဒုတိယအထွေထွေ မန်နေဂျာ ဦးမျိုးလွင် က ပြောသည်။

ယခုနှစ်တွင် ပုလဲမွေးမြူရေးကျွန်း စခန်းများဖြစ်ကြသည့် မြိတ်ကျွန်းစု အတွင်းရှိ မြန်မာအတ္တလန္တိတ်ကုမ္ပဏီ၏ ပုလဲမွေးမြူရေးစခန်းနှင့် ကော့သောင်း ခရိုင်အတွင်းရှိ ဂျလန်းကျွန်း(အရှေ့တိုင်း ပုလဲကုမ္ပဏီ)၊ ရွှေကျွန်း(Belpearl Myanmar Co.,Ltd)၊ ငလုံးလက်ဖယ် ကျွန်း(ပြည့်စုံထက်မြတ်ကုမ္ပဏီ)နှင့် နိုင်ငံပိုင် ပုလဲကျွန်း စသည့် ပုလဲမွေးမြူ ရေးကျွန်းစခန်းလုပ်ငန်းခွင် ၅ ခုတို့အား လည်ပတ်ခွင့်ပြုထားသည်။