စမ်းလှမ်းတွင် အရွယ်ကြီးမားသည့် ငါးလိပ်ကျောက် ဖမ်းမိသည့်သတင်း ကောလာဟလသာဖြစ်ဟုဆို

0
454

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေး ရွာတွင် အရွယ်အစားကြီးမားသည့် ငါး လိပ်ကျောက် တစ်ကောင် ဖမ်းဆီးရမိ သည်ဆိုသည့် သတင်းမှာ ကောလာ ဟလသာ ဖြစ်ကြောင်း လောင်းလုံးမြို့ နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်တင်စောက ပြောသည်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေး ရွာတွင် အရွယ်အစားကြီးမားသည့် ငါး လိပ်ကျောက်တစ်ကောင် ဖမ်းမိသည်ဆို သည့် သတင်းတစ်ခု ဓာတ်ပုံနှင့်တကွ Facebook  လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ပျံ့နှံ့ခဲ့သည်။

ယင်းသတင်းပါ ဓာတ်ပုံမှာ ပြီးခဲ့ သည့် ဧပြီလက ရခိုင်ပြည်နယ် ပေါက် တောမြို့နယ်မှ ရေလုပ်သားများ ဖမ်းမိ ခဲ့သည့် ငါးလိပ်ကျောက်ပုံသာဖြစ်ကြောင်း လောင်းလုံးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးအောင်တင်စောက ပြောသည်။
ဓာတ်ပုံအရ ဖမ်းမိသည်ဆိုသည့် ငါးလိပ်ကျောက်အရွယ်အစားမှာ ၆ ပေ ပတ်လည် ခန့်ရှိသည်။

စမ်းလှမ်းကျေးရွာတွင် ယခု သီတင်း ပတ်အတွင်း အရွယ်အစားကြီးမားသည့် ငါးလိပ်ကျောက်ဖမ်းမိခြင်း မရှိကြောင်း ယင်းကျေးရွာ ကမ်းခြေတွင်နေ ထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ သတင်းအမှားများကို Facebook  ပေါ်တင်ပြီး ပြန်လည်မျှဝေ နေသဖြင့် ပြည်သူများအကြား နားလည် မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပြီး ဌာန ဆိုင်ရာအဖွဲ့အစည်းများမှာလည်း မလို လားအပ်ဘဲ အလုပ်များရကြောင်း ဦးအောင်တင်စောက ပြောသည်။