ကျောင်းမုန့်ဆိုင်အချို့ မုန့်ထက် ကစားစရာပိုများနေသည်ဟု မိဘများ ဝေဖန်

0
462

မြိတ်မြို့ စာသင်ကျောင်းတချို့၏ ကျောင်းမုန့်ဆိုင်များတွင် မုန့်ထက် ကလေးကစားစရာ ပိုမိုရောင်းချမှုများနေ ကြောင်း ကျောင်းသားမိဘအချို့က ဝေဖန်သည်။
မြိတ်ရှိ ကျောင်းတစ်ချို့၏ ပရဝဏ် အတွင်းနှင့်အပြင်မုန့်ဆိုင်များတွင် ကလေး ကစားစရာများ အလွန်အကျွံရောင်းချ နေသည့်အတွက် အာဟာရဖြစ်မည့်မုန့် များကို ကလေးများ ဝယ်ယူစားသောက် ခြင်းမပြုနိုင်ဘဲ ကစားစရာဝယ်ယူရာ တွင်သာ ငွေကြေးကုန်ကျမှုများနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ကစားစရာက တစ်ရာနှစ်ရာဆို တော်သေးတယ်။ ခုရောင်းနေတာက ခုနစ် ရာရှစ်ရာဆိုတော့ ကစားစရာဝယ်ပေး လိုက်ရင် သူတို့တွေကို မုန့်ဝယ်ကျွေးဖို့ ပိုက်ဆံက မကျန်တော့ဘူး။ ကလေးတွေ မုန့်မစားရတဲ့ ရက်ကများတယ်”ဟု မြိတ်မြို့၊ မြို့သစ် အထကကျောင်းတွင် သူငယ် တန်းနှင့် ဒုတိယတန်းတက်နေသည့် ကျောင်းသားနှစ်ဦး၏ မိခင်က ဆိုသည်။

အချို့ကစားစရာများမှာ ကလေး များအတွက် အသက်အန္တရာယ် ဖြစ်နိုင် လောက်သည့် ကစားစရာများလည်း ပါ ဝင်နေသဖြင့် စိုးရိမ်နေရသည်ဟု ကျောင်းသားမိဘတစ်ချို့က ဆိုသည်။
“သံလိုက်အလုံးလေးတွေ တစ်လုံး ကို ပါးစပ်ထဲထည့်ပြီး အပြင်ကတစ်လုံးနဲ့ သံလိုက်ဆွဲကစားကြတယ်။ မတော်တဆ လည်ချောင်းထဲဝင်ရင် သေသွားနိုင် တယ်။ အဲဒါတွေလည်း ရောင်းနေကြ တယ်။ ကလေးဆိုတာက နားမလည်ဘူး”ဟု မြို့သစ် အထကကျောင်းတွင် တတိယ တန်းတက်ရောက်နေသည့် ကျောင်းသား တစ်ဦး၏မိခင်က ပြောသည်။

မြို့သစ်အထကကျောင်းမှ ကျောင်း အုပ်ဆရာမကြီးကမူ ယင်းကိစ္စနှင့် ပတ် သက်ပြီး မိမိကျောင်းအတွင်း ကစားစ ရာရောင်းချသည့် မုန့်ဆိုင်နှစ်ဆိုင်သာ ရှိပြီး သက်ဆိုင်ရာ(FDA) အဖွဲ့မှ လာ ရောက်စစ်ဆေးမှုရှိကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။
မိဘများ၏ ဝေဖန့်ချက်နှင့်ပတ် သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆို ခြင်း မရှိခဲပေ။
“ကလေးဆိုတာကတော့ မုန့်လည်း ယူချင်ယူမယ်။ အရုပ်လည်း ယူချင်ယူ မယ်။ အရုပ်ကလေးတွေနဲ့ သူတို့စိတ် ပျော်ရွှင်စေဖို့ ရောင်းချပေးတာ။ ဝယ်ပေး သင့်မသင့်ကတော့ မိဘတွေဆုံးဖြတ်ရ မယ့်အလုပ်ပဲ”ဟု အုန်းတောအလယ် တန်းကျောင်းရှေ့တွင် ကလေးကစားစရာ ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ကျောင်းပရဝဏ် မုန့်ဈေးတန်းအ တွင်း ကစားစရာရောနှောရောင်းချနေ ခြင်းကို တရားဝင်တားမြစ်ထားသည့် အမိန့်တစ်စုံတစ်ရာ မရှိသေးသော်လည်း ကလေးမိဘများ စိတ်အနှောင့်အယှက် မဖြစ်စေရန် သက်ဆိုင်ရာကျောင်းအုပ် များအပေါ် စိစစ်ဆောင်ရွက်သွားမည်ဟု မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။