မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

0
466

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ် နှစ် ချမှတ်လိုက်သည်။

ဇန်ဝါရီလ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူမြို့သား များ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပြည်နယ်တာဝန်ရှိသူများ ဆောင်ရွက်နေမှုအား ထိခိုက်စေသည်ဟု ဆိုကာ သထုံမြို့နေ ဦးစောကျော်မိုး (မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးရာကော်မတီဝင်)မှ တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၂၇ ရက်က သထုံမြို့နယ် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ် လိုက်ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်က အားမနာတမ်း ပြောပါဆိုလို့ သထုံမြို့ကောင်းဖို့အတွက် မြို့ခံဆယ်ယောက်က ထပြီးတင်ပြကြ တယ်၊ ကျွန်တော် လူမှုကွန်ရက်မှာ ရေး သားထားတာကလဲ ဝန်ကြီးချုပ်ကို တိုက် ခိုက်လိုစိတ် မဟုတ်ဘူး၊ အပြု သဘောနဲ့ ရေးသားထားတာ ခုလို အမိန့်ချခံရတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ကို ကန့်သတ်ခံရတယ်လို့ ယူဆတယ်”ဟု ဦးအောင်ကို ကိုလွင်က ပြောသည်။

အဆိုပါ ဝန်ကြီးချုပ်နှင့် သထုံလူ ထုတွေ့ဆုံပွဲတွင် ဦးအောင်ကိုကိုလွင်မှ သထုံမြို့မဈေး လျှပ်စစ်မီးအသုံးပြုခွင့် ရရှိရေး၊ သထုံမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရထားလမ်း အကွေ့နားတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် အချက်ပြမီးများ ပြုလုပ်ပေးရန်စသည့် ကိစ္စရပ်များအား တင်ပြခဲ့သော်လည်း ဝန်ကြီးချုပ်မှ သဘောထားမှတ်ချက် မပေးခဲ့သည့်အပေါ် ၎င်း၏ Facebook ပေါ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်အား လူမှုကွက်ရက်စာ မျက်နှာပေါ်တွင် ဝေဖန်ခဲ့သည့် ဦးအောင်ကိုကိုလွင်ကို ၂၀၁၇ ခုနှစ် နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေပုဒ်မ ၈ (စ) ဖြင့် တရားစွဲ ခံခဲ့ရပြီး ဇွန်လ ၅ ရက်က ထောင်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူ^သားတို့ တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်း ကျစေချင် လျှင်ဟင်းတစ်မယ်လျှော့စားရန် ဝန်ကြီးချုပ် က ပြောဆိုခဲ့သည့်အပေါ် ပြည်သူလူထု အကြား ဝေဖန်ပြောဆိုမှု ရှိခဲ့သည်။