စံချိန်တင်ဈေးကြောင့် ရွှေအရောင်း အဝယ်အေး

0
351

စံချိန်တင်မြင့်တက်နေသည့်ရွှေ
ဈေးကြောင့် ရွှေအရောင်းအဝယ်အေးလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်
အချို့ထံမှ သိရသည်။အခေါက်ရွှေဈေးနှုန်းမှာ စက်တင်
ဘာလ ၂၀ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းနှစ်သောင်းဝန်း
ကျင်အထိ မြင့်တက်နေခြင်း ဖြစ်သည်။

“ရုတ်တရက် တက်လာတဲ့အပေါ်မှာ
စိတ်ညစ်တယ်။ အရောင်းအဝယ်မရှိဘူး။ အရောင်းအဝယ်ကို ပါးနေတာ”
ဟု ထားဝယ်မြို့ အာဇာနည်လမ်းရှိဦးလှဦး+ဒေါ်လှနွဲ့ သမီး-မမေဇင်ဦးစိန်၊ ရွှေ ရတနာဆိုင်မှ ဆိုင်ရှင်မမေဇင်ဦးက ပြောသည်။ယခင်နှစ်များက သီတင်းကျွတ်ပွဲတော်ရက်များတွက် ဝတ်ဆင်ရန်အတွက်တော်သလင်းလတွင် အရောင်းအဝယ်သွက်ခဲ့သော်လည်း ယခုနှစ်တွင်မူအရောင်းအဝယ်အေးနေကြောင်း
ရွှေဆိုင်အချို့ထံမှ သိရသည်။”ကိုးသိန်းကျော်တုန်းကတော့ဝယ်ဖြစ်တယ်။ဆယ်သိန်းကျော်ဖြစ်နေချိန်တော့ မဝယ်ဖြစ်သလို ပြန်လည်း
မရောင်းဖြစ်သေးဘူး”ဟု ရွှေကိုရောင်းဝယ် ပေါင်နှံလေ့ရှိသည့် အသက်
၂၅နှစ်အရွယ် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခင်က ရွှေတစ်ကျပ်သားလျှင်ကျပ်ဆယ်သိန်းကျော်အထိ စံချိန်တင်
မြင့်တက်ခြင်းမျိုး မရှိခဲ့ဖူးကြောင်းထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။