၃ဆင့်ပွားစီးပွားရေး (MLM)လုပ်ငန်းများ တားမြစ်ကြောင်း ထုတ်ပြန်ချက် နယ်ဒေသခံအများစုမသိ

0
593

၁၁ဆင့်ပွားစီးပွားရေး(MLM) လုပ်ငန်း များကို တားမြစ်လိုက်ပြီး လုပ်ကိုင်နေ သည်ကိုတွေ့ရှိပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန် လိုက်သည်။

ဆင့်ပွားဈေးကွက် စီးပွားရေးလုပ် ငန်းများအား တားမြစ်လိုက်သည့် ထုတ်ပြန်ချက်ကို တနင်္သာရီတိုင်း အတွင်းရှိ ကျေးလက်ဒေသတွင် နေထိုင် သူအများစု မသိကြသေးပေ။ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းအတွင်းနေပြည်သူများ သိ/မသိကို တနင်္သာရီအပတ်စဉ်မှ စစ် တမ်းငယ်တစ်ခုကောက်ယူခဲ့ရာ ကျေး လက်နေသူ ထက်ဝက်ကျော်က မသိရှိ ဟု ဖြေဆိုခဲ့သည်။

စစ်တမ်းငယ်ကို တနင်္သာရီတိုင်း အတွင်း နေထိုင်သူ ၅၀ ဦးကို ကောက် ယူခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်နေထိုင်သူ ၁၂ ဦးနှင့် ကျေးလက်ဒေသနေ ၃၈ ဦး ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။၎င်းအပြင် ဖြေဆိုသည့်ကျေးလက် ဒေသနေသူ အများစုမှာ ထုတ်ပြန်ချက် နှင့် ပတ်သက်၍ ၎င်းတို့၏ ပတ်ဝန်း ကျင်တွင်လည်း မသိရှိကြကြောင်း ဖြေဆိုကြသည်။ဆင့်ပွားစီးပွားရေးလုပ်ငန်းများ(MLM ကုမ္ပဏီ) များထံတွင် အသင်းဝင်
ထားသူများပင် ယင်းထုတ်ပြန်ချက်ကိုမသိရသေးသူများ ရှိသည်။”အစိုးရပိတ်လိုက်တာ ကျွန်မမသိသေးဘူး။ကျွန်မတို့ရွာက တော်
တော်များများလည်း မသိကြသေးဘူး”ဟု ဇူလီယမ်ကုမ္ပဏီတွင် အသင်းဝင်ထားပြီး ဇူလီယမ်ပစ္စည်းများကို ဆိုင်တွင်ရောင်းချသည့် ကျောက်နီမော်ကျေးရွာမှ
အမျိုးသမီးတစ်ဦးက ပြောသည်။ထုတ်ပြန်ချက်ကို ကျေးလက်နေပြည်သူများပါ သိရှိစေရန် အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်
ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်ကိုသိသူသာမက မသိသေးသူများက ပြောကြသည်။”အစိုးရထုတ်ပြန်တာ ဖေ့စ်ဘုတ်က
တစ်ဆင့် သိတယ်။ပတ်ဝန်းကျင်ကတော့သိပ်ပြီး သိပုံမပေါ်သေးဘူး။ အစိုးရအနေနဲ့ နိုင်ငံပိုင်ရုပ်သံ၊ သတင်းစာတွေမှာ လူထုသိအောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်စေချင်တယ်။ ကုမ္ပဏီကိုရော ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူစေချင်တယ်ဟု “မြိတ်
မြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်အောင်က ပြောသည်။အချို့ကမူ ရပ်ကျေးအုပ်ချုပ်ရေးမှူး
များမှ တစ်ဆင့် ဒေသခံများကျယ်ကျယ်
ပြန့်ပြန့်သိရှိစေရန် အသိပေးသင့်သည်ဟုဆိုသည်။

အစိုးရ၏ထုတ်ပြန်ချက်ကို မသိ
ကြသေးသည့် ဒေသခံများသည် MLMလုပ်ငန်းလုပ်ကိုင်ကြသူများအတွက် စား
ကျက်အသစ်သဖွယ်မျိုးလည်းဖြစ်လာနိုင်ဖွယ်ရှိကြောင်း MLM လုပ်ငန်းများ
နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများလုပ်ဆောင်နေသည့် ကိုဇင်ဇေက
ပြောသည်။

“ဒီအချိန်မှာ အတော်များများကတော့ လုပ်ရဲဖို့ နည်းနည်း ခဲယဉ်းတယ်၊ဘာလို့ဆို အခုက အကုန်လုံးက စောင့်
ကြည့်နေတဲ့ အနေအထားကိုး။ ဒါပေမယ့် နည်းနည်းလေး သွေးအေးသွားတဲ့အချိန်မှာတော့ ပြန်လုပ်လာတာမျိုးတွေ
ဖြစ်နိုင်တယ်ဗျ”ဟုကို ဇင်ဇေက ဆိုသည်။အစိုးရ၏ ထုတ်ပြန်ချက်ကို ပြန့်
သွားစေရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင်စာကပ်ခြင်း၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးများမှတစ်ဆင့် ဒေသခံများသိရှိစေရန် လုပ်ဆောင်ခြင်း၊ လူမှုရေး
အသင်းအဖွဲ့များက သတင်းဖြန့်ဝေပေးခြင်း စသဖြင့် လုပ်ဆောင်နိုင်မည် ဆို
ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

ထုတ်ပြန်ချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးလက်ဒေသနေ
ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယခုအပတ်အတွင်း လုပ်ဆောင်မည်
ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်
ကြားရေးမှူးက ပြောသည်။”MLM နဲ့ပတ်သက်ပြီအသေး
စိတ်ညွှန်ကြားချက်မလာသေးဘူး၊အများသိအောင် လူစည်ကားရာနေရာတွေ နယ်တွေဘက်မှာ ဆိုင်းဘုတ်ထောင်
အသိပေးတာတွေ၊ ပုံမှန်လုပ်နေကြ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ
တွေမှာ ထည့်ပြောသွားမယ်”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးရီက ပြော
သည်။

MLM လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် လိပ်စာများကို
မကြာမီရက်ပိုင်းအတွင်းကြေညာပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုး
အောင်က စက်တင်ဘာလ ၁၉ ရက်ထုတ်7Day Daily သတင်းစာသို့ဖြေဆိုထားသည်။အစိုးရက ထုတ်ပြန်ချက်ထုတ်
ပြီးနောက် တစ်နေ့တွင် MLM ကုမ္ပဏီများဖြစ်သည့် Aim Star Network ၊ ရှိုင်းဟုတ်၊
Double Crane  (စုံတွဲကြိုးကြာ)၊ ဇူလီယမ်၊Successmore  Shwe Pann
Taing  Lucky Time Trading  စသည့်ကုမ္ပဏီများက လုပ်ငန်းရပ်ဆိုင်းကြောင်း
ကြေညာခဲ့သည်။