တရားမဝင် ဆေးရောင်းချသည့်ဆိုင်များကို အဆင့်သုံးဆင့်ဖြင့် အရေးယူမည်

0
414

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများ၊ စံမညီ
ဆေးရောင်းနေသည့် ဆေးဆိုင်များကိုအဆင့်သုံးဆင့်ဖြင့် အရေးယူတော့မည်
ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA ) တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

တရားမဝင်သည့် လိုင်စင်မဲ့ဆေးများနှင့် စံမညီဆေးဝါးများက သုံးစွဲသူပြည်သူများအတွက် အရည်အသွေးအာမခံချက် မရှိသည့်အတွက် ယင်းကဲ့သို့ဖမ်းဆီးရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။မဖမ်းဆီးမီ ဆေးဆိုင်များကို အသိပညာပေးခြင်းများ လုပ်ဆောင်ရန် စက်တင်ဘာလ ၁၇ ရက်က ခရိုင်နှင့် မြို့နယ်အဆင့်များကို ညွှန်ကြားထားပြီး အသိပညာပေးပြီးပါက အဆင့်သုံးဆင့်ဖြင့် စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။မှတ်ပုံတင်မရှိသည့်ဆေးနှင့် စံမညီဆေးများ ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက အဆိုပါဆေးဝါးများကို သိမ်းဆည်းမည်ဖြစ်ပြီး ဆေးဝါးရောင်းချခွင့်လိုင်စင် ၃ လ ပိတ်သိမ်းမည် ဖြစ်သည်။

တတိယအကြိမ် စစ်ဆေးတွေရှိက ကအထက်ပါဆေးဝါးများကို သိမ်းဆည်းပြီး ရောင်းချခွင့်လိုင်စင် ၆ လ ပိတ်
သိမ်းမည် ဖြစ်သည်။တတိယအကြိမ် စစ်ဆေးတွေ့ရှိကဆေးဝါးရောင်းချခွင့်ကို အပြီးပိတ်သိမ်း
မည်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက
အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ဒေါက်တာ
ဟိန်းမင်းထက်အောင်က ဆိုသည်။

“ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်အရေးပါတဲခြေလှမ်းတလှမ်းတိုးတာပေါ”ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
ထားဝယ်ဒေသအတွင်း မှတ်ပုံတင်မဲ့ဆေးဝါးနှင့် စံမညီဆေး ရောင်းချနေ
ကြသည့်အတွက် ကြပ်ကြပ်မတ်မတ်စစ်ဆေးနိုင်ရန် လိုအပ်ကြောင်း ထားဝယ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကဆိုသည်။
“ဒီလိုပဲ လုပ်သင့်တယ်၊ မရောင်းနဲ့လို့ ပြောထားတာ၊ ရောင်းတော့ ကိုယ်အမှားပေါဟု” အဆိုပါဆေးဆိုင်ပိုင်ရှင်အမျိုးသားက ပြောသည်။လိုင်စင်မဲ့ဆေးအများစုကို ရန်ကုန်မှ တင်သွင်းကြကြောင်းဆေးဝါးရောင်းချသူအချို့ထံမှ သိရသည်။