ထားဝယ်သပိတ်မျှောပွဲ မီးပုံပျံ ငါးထောင်ကျော် လွှတ်မည်

0
1013

လာမည့် ထားဝယ်သပိတ်မျှောပွဲတော်တွင် မီးပုံးပျံအလုံးရေ ငါးထောင်ကျော်လွှတ်မည်ဖြစ်ကြောင်း ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပရေးကော်မတီ
အတွင်းရေးမှူး ဦးကျော်ကျော်ဦးကပြောသည်။သပိတ်မျှောပွဲတော်ကျင်းပမည့်သီတင်းကျွတ်လဆန်း ၁၄ ရက်တွင်
တိုင်းဒေသကြီး လွှတ်တော်ရုံး နံဘေးရှိကွင်းပြင်တွင် မီးပုံးပျံအလုံးရေ ငါးထောင်ခန့် လွှတ်မည်ဖြစ်ပြီး သပိတ်မျှောချိန်တွင်အလုံးရေ ငါးရာ ခန့်လွှတ်မည်ဖြစ် ကြောင်းဦးကျော်ကျော်ဦးက ပြောသည်။

“လာတဲ့လူတွေကို လွှတ်ခွင့်ရစေဖို့ရည်ရွယ်ထားတယ်၊ သပိတ်မျှောပွဲကိုသမရိုးကျလုပ်နေရာက အခြားဒေသကခရီးသွားတွေ စိတ်ဝင်စားလာစေဖို့အတွက်ပါ”ဟု ၎င်းက ဆိုသည်။သပိတ်မျှောမည့်နေရာကို ထားဝယ်ကမ်းနားဈေးအနီးတွင် ကျင်းပရန်စီစဉ်ထားပြီး သပိတ်မျှောသူကိုယ်တိုင်ထားဝယ်မြစ်အတွင်း မျှောနိုင်စေရန်တံတားတည်ဆောက်မည်ဖြစ်ကြောင်း
ဦးကျော်ကျော်ဦးက ပြောသည်။