မြိတ် ငါးလေလံဈေး၏ ဒေါ်လာ သန်း ၂၀ ခွင့်ပြုချက်အား စောလျင်စွာ ဆောင်ရွက်သင့်ဟုဆို

0
483

နှစ်နှစ်ကျော်အကြာ ကြန့်ကြာနေ သည့် မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေး၏ ရင်းနှီးမြု§ပ်နှံ မှု ဒေါ်လာသန်း ၂၀ အတွက် ခွင့်ပြု ချက်အား စောလျင်စွာဆောင်ရွက်သင့် ကြောင်း အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အစိုးရ၏ အာမခံ ချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏စိစစ်ချက်၊ တွေ့ရှိ ချက်နှင့် သုံးသပ်အကြုံပြုချက်များအား တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ငါးတင် ငါးချဆိပ်ကမ်း အကောင် အထည်ဖော်နိုင်ရန်အတွက် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ခွင့်ပြုချက်များရရှိပြီးဖြစ် ပြီး ဆိပ်ကမ်းဂိုဒေါင်များ ရုံးခန်းများ တည်ဆောက်ပြီးဖြစ်ခြင်းတို့ကြောင့် ထပ်မံရင်းနှီးမြှုပ်နှံရန် ဒေါ်လာ သန်း ၂၀ ခွင့်ပြုချက်တောင်းခံခြင်းကို စိုက် ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ထိရောက်စွာ အကူ အညီပေးရန် လိုအပ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အဆင့်မီငါး လေလံဈေးအား ၂၀၀၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC )၏ ခွင့်ပြုချက်ဖြင့် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ရရှိထားပြီး လက်ရှိအချိန်ထိ ဒေါ်လာ ၁၀ သန်းသာ ရင်းနှီးမြှုပ်နှံထားသည်။

ထပ်မံရင်းနှီးမြှုပ်နှံမည့် အမေရိ ကန်ဒေါ်လာ သန်း ၂၀ ကို ပြင်သစ် နိုင်ငံက လွှဲပေးရန်အဆင်သင့် ဖြစ်နေ သော်လည်း ငါးလုပ်ငန်းဦးစီးဌာန ထောက်ခံချက် မရသေးခြင်းကြောင့် ငွေလွှဲခွင့်မရဘဲ ကြန့်ကြာနေရကြောင်း ငါးလေလံဈေးအကောင်အထည်ဖော် မည့် MFIJV Limited ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောဆို ထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းကမူ ဥပဒေနှင့် အညီ လုပ်ဆောင်ရန်စိစစ်နေခြင်းကြောင့် မြိတ်ငါးလေလံဈေးကြန့်ကြာနေခြင်း ဖြစ်ပြီး အမြန်ဆုံးပြေလည်အောင်လုပ် ဆောင်နေသည်ဟု ၂၀၁၇ ခုနှစ် နှစ် ကုန်ပိုင်းက တနင်္သာရီအပတ်စဉ်သို့ ဖြေဆိုဖူးသည်။ သို့သော် လက်ရှိအချိန် အထိ မြေပြင်တွင် တစ်စုံတစ်ရာထူးခြားမှု မရှိသေးပေ။

ဒေါ်လာ သန်း ၂၀ သာ ထပ်မံ ရင်းနှီးမြှုပ်နှံခွင့်ရမည်ဆိုပါက ၃ လ အတွင်း လုပ်ငန်းစတင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရှိ လုပ်ငန်းရှင်များနှင့်ချိတ် ဆက်ထားပြီးဖြစ်ကာ ဒေသခံအလုပ် သမားသုံးထောင်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ် ကြောင်း ဒေါ်ဌေးဌေးဝင်းက ပြောဆို ထားသည်။
ငါးလေးလံဈေး ငါးတင် ငါးချ ဆိပ်ကမ်း ထားရှိခြင်းဖြင့် ရေထွက်သယံ ဇာတများကို ရောင်းချသည့် Seller Market  ကို မိမိနိုင်ငံနယ်မြေအတွင်း စနစ်တကျတည်ဆောက်နိုင်မည်ဖြစ်ပြီး နိုင်ငံအကျိုးစီးပွားကို ရရှိပိုင်ဆိုင်နိုင် မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက သုံးသပ်အကြံပြုထား သည်။