ဒူးဒေါင်-ဆန်းချီ တံတားသစ် ချဉ်းကမ်းလမ်း အမြန်ခင်းပေးပါ

0
376

ရေဖြူမြို့နယ်၊ ဒူးဒေါင်ရွာထိပ်ရှိ ဒူးဒေါင်-ရငဲ ကျေးရွာချင်းဆက်တံတား သစ်ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သော် လည်း တံတားချဉ်းကပ်လမ်း မပြီးစီး သေးသဖြင့် အမြန်လာခင်းပေးစေလို ကြောင်း ဒေသခံများက ပြောသည်။

ချဉ်းကပ်လမ်းမပြီးသေးသော ကြောင့် ဒူးဒေါင်ရွာနှင့် ယင်းလမ်းတစ် လျှောက် ရွာအချို့ သွားလာရေးအခက် တွေ့ နေကြောင်း ဒူးဒေါင်ရွာသားထံမှ သိရသည်။
လက်ရှိတွင် ယာယီချဉ်းကပ်လမ်း အဖြစ် သစ်ပြားများ တံတားအထိခင်းထား သော်လည်း ကားများ ဖြတ်သန်း၍မရဘဲ မိုးနည်းပြီး ချောင်းရေတိမ်ချိန်များမှသာ ကားများချောင်းထဲမှ ဖြတ်သန်းနေရ ကြောင်း ရွာသားများက ပြောသည်။
“အခက်အခဲ ဖြစ်နေတာ ကြာပါပြီ၊ မိုးရွာနေရင် တံတားအောက်က ချောင်း ထဲက ကားဖြတ်လို့မရတော့ဘူး၊ မြန်မြန် လာလုပ်ပေးစေချင်ပါတယ်”ဟု ရွာသား တစ်ဦးကစက်တင်ဘာလ ၁၄ ရက်နေ့ တွင် ပြောသည်။

ယာယီချဉ်းကပ်လမ်း သစ်သား တံတားမှာ မတ်စောက်လွန်းသဖြင့် အချို့ဆိုင်ကယ်မောင်းသူများလဲ မည်စိုးသဖြင့် မဖြတ်ရဲကြဟု ၎င်းရွာသား က ပြောသည်။
ယင်းတံတားရှိရာလမ်းကို ဒူးဒေါင်၊ ဆန်းချီ စသောရွာများက ရေဖြူ၊ ထားဝယ် မြို့များသို့ သွားလာရာတွင် အသုံးပြုနေ ကြသည်။
ထိုတံတားအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(တိုင်းဒေသကြီး) ရန်ပုံငွေ ယခုနှစ် ပထမ ၆ လ ဘတ်ဂျက်တွင် တည် ဆောက်နေ ခြင်းဖြစ်ကြောင်း ရေဖြူ မြို့နယ် မဲဆန္ဒ နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှထွေးထံ မှ သိရသည်။
တံတားချဉ်းကပ်လမ်း မပြီးပြတ် ခြင်းမှာ မိုးရွာသွန်းမှု များနေသောကြောင့် လုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေသဖြင့် ဆိုင်းငံ့ထားခြင်းသာ ဖြစ်သည်ဟု လွှတ် တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။

“တံတားပြီးတာနဲ့ (ချဉ်းကပ် လမ်း)မြေဖို့လို့မရတော့ဘူး၊ မိုးတအား ကောင်းနေတော့လေ၊ ခေတ္တ ရပ်ထားတဲ့ သဘောပါ၊ အခု လုပ်ဖို့ လုပ်နေပြီ၊ ခုရက်ပိုင်းအတွင်း (လုပ်ငန်း)ပြန်စဖို့ ရှိတယ်” ဟု ဦးလှထွေးက စက်တင်ဘာ လ ၁၄ ရက်တွင် ပြောသည်။