မြို့နယ်အလိုက် အခွန်အများဆုံး ပေးဆောင်သူ လုပ်ငန်းရှင်များကို ဂုဏ်ပြုမည်

0
351

မြို့နယ်အလိုက် ဝင်ငွေခွန်နှင့် ကုန် သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင် ခဲ့သည့် လုပ်ငန်းရှင်များကို စက်တင်ဘာလ မှ နိုဝင်ဘာလအတွင်း ဂုဏ်ပြုလက် မှတ်များပေးအပ်မည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် အခွန်အများဆုံးပေးဆောင်သူများကို ဂုဏ်ပြုခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များ အခွန် ပေးဆောင်လာစေရန် လှုံ့ဆော်သည့် အနေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးရန် စီစဉ်ခြင်းဖြစ်ပြီး မြို့နယ်တစ်ခုချင်း အလိုက် ပေးအပ်မည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။

“အခွန်ပေးဆောင်တဲ့သူတွေကို အသိအမှတ်ပြုတဲ့သဘောပေါ့”ဟု ဦးကျော် ရဲထွန်းက ပြောသည်။
စက်တင်ဘာလ ၇ ရက်က ထား ဝယ်မြို့နယ်အတွင်း ဝင်ငွေခွန်အများဆုံး ပေးဆောင်သူ ၂၅ ဦးနှင့် ကုန်သွယ်လုပ် ငန်းခွန် အများဆုံးပေးဆောင်သူ ၂၅ ဦးတို့ကို ဂုဏ်ပြုလက်မှတ်များ ပေးအပ် ခဲ့သည်။

ထားဝယ်မြို့နယ်တွင် ဝင်ငွေခွန် အများဆုံးအဖြစ် ငွေကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၂၅၀ ကြား ပေးဆောင်သူ ၅ ဦးရှိပြီး ကုန်သွယ်လုပ်ငန်းခွန် ကျပ် သိန်း ၁၅၀ မှ ကျပ်သိန်း ၃၅၀ ကြား ပေးဆောင်သည့် လုပ်ငန်းရှင် ၅ ဦး ရှိသည်။
၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်က တိုင်းအတွင်း အခွန်အများဆုံးပေးဆောင် သူ ၁၀၀ ဦး(ဝင်ငွေခွန် ၅၀ ဦးနှင့် ကုန် သွယ်လုပ်ငန်းခွန် ၅၀ ဦး)ကို ဂုဏ်ပြု ဆုပေးခဲ့သည်။