ကျောက်ဖျာမြို့သစ်စီမံကိန်းရှိ တောင်သူများအား ဆန်စက်ပိုင်ရှင်တစ်ဦးက ငွေထုတ်ချေး

0
452

ယခုနှစ်အတွက် မိုးစပါးချေးငွေ မရသည့် ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ တောင်သူ ၅၇ ဦးအား ဆန်စက်ပိုင်ရှင်တစ်ဦးက ဩဂုတ်လ ၂၄ ရက်က ချေးငွေထုတ်ပေးခဲ့ကြောင်း တောင်သူအချို့ထံမှ သိရသည်။
မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာ အုပ်စု၊ ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ ၂၀၁၃ ခုနှစ်မှစ၍ အိမ်ရာမြေအဖြစ် ပြောင်း လဲသတ်မှတ်ခဲ့သည့်အတွက် အစိုးရမှ ထုတ်ချေးသည့် မိုးစပါးချေးငွေများ မရ ရှိခဲ့ကြောင်း တောင်သူအချို့မှ သိရသည်။

လယ်ယာမြေများကို အိမ်ရာမြေ များအဖြစ် သတ်မှတ်ခဲ့သည့်အတွက် လယ်ယာများရှိနေသော်လည်း ပုံစံ ၇ မရရှိခဲ့သည့်အတွက် နိုင်ငံတ်ာမှ ထုတ် ပေးသည့် ချေးငွေများ မရရှိခဲ့ကြကြောင်း တောင်သူတစ်ချို့က ပြောပြသည်။
“ပြန်ဆပ်တဲ့အခါ ငွေကြေးကို ပြန် ဆပ်နိုင်သလို ဆန်စပါးအဖြစ်လည်းပြန် ပေးသွင်းနိုင်ပါတယ်”ဟု ချေးငွေထုတ် ပေးသည့် ဥု ဆန်စက်လုပ်ငန်းရှင် ဦးမောင်ထွေးက ပြောသည်။

တောင်သူ ၅၇ ဦးပိုင်ဆိုင်သည့် လယ်ဧက ၃၆၈ ဧကအတွက် တစ်ဧက လျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း အတိုး တစ်နှစ် ၈ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်းငါးရာကျော် ထုတ်ချေး ခဲ့ခြင်း ဖြစ်သည်။
ချေးငွေများကို တောင်သူနှင့် ဆန် စက်ပိုင်ရှင်တို့မှ နှစ်ဦးသဘောတူညီစာ ချုပ်ဖြင့် ချုပ်ဆိုကာ ထုတ်ချေးခဲ့သည်။
ချေးငွေများကို ၂၀၁၉ ခုနှစ် ဖေဖော် ဝါရီလ ၂၄ ရက်တွင် ကျသင့်အတိုးနှင့် တကွ အကျေပေးချေရမည် ဖြစ်ကြောင်း နှင့် ပေးဆပ်ရန်ပျက်ကွက်ခဲ့ပါက တည် ဆဲဥပဒေအရ အရင်းအတိုးပြေကျေသည် အထိ တောင်းခံမည်ဖြစ်ကြောင်း မိုးစပါး စိုက်ပျိုးစရိတ်ငွေချေးစာချုပ်တွင် ဖော်ပြ ထားသည်။

လယ်သမားအချင်းချင်း တူသော် လည်း မြို့သစ်စီမံကိန်းတွင် ပါဝင်နေ သည့် လယ်သမားများမှာ ချေးငွေခံစား ခွင့်မရှိဖြစ်နေသည့်အတွက် စီမံဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လွတ်တော်ကိုယ် စားလှယ်များနှင့် အုပ်ချုပ်ရေးဘက်တာ ဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး ဆန်စက်လုပ်ငန်းရှင်မှ ချေး ငွေထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့ နယ် တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောပြသည်။