ကျောက်စရစ်လုပ်ငန်းရှင်ဆောက်သည့် ချောင်းကူးတံတားကြောင့် ရွာငါးရွာနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းခံရ

0
470

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာအုပ်စုအတွင်းရှိ ပဒိုင်းချောင်း တွင် ကျောက်စရစ်လုပ်ငန်းရှင်တစ်ဦး ဆောက်လုပ်ထားသည့် ချောင်းကူးတံ တား ကျဉ်းမြောင်းလွန်းသည့်အတွက် ရွာငါးရွာနှင့် ဥယျာဉ်ခြံမြေအချို့ ရေ လွှမ်းခံနေရကြောင်း ပဒိုင်းရွာသားတစ် ချို့ထံမှ သိရသည်။
အကျယ်ပေ ၁၀၀ ခန့်ရှိသည့် ပဒိုင်း ချောင်း၏ တစ်ဖက်တစ်ချက်တွင် မြေဖို့ပြီး ချောင်းအလယ်တွင် ၁၀ ပေခန့်သာရှိ သည့် တံတားကို ဆောက်လုပ်ခဲ့သည့် အတွက် ရေကောင်းစွာ မစီးဆင်းတော့ဘဲ ရွာအတွင်းလမ်းများနှင့် ဥယျာဉ်ခြံမြေ ၁၀ ဧကခန့် ရေလွှမ်းနေကြောင်း ပဒိုင်း ရွာသား ဦးအောင်ထွေးက ဆိုသည်။
“အရင်ကဆိုရင် ဒီလိုရေကြီးတာမျိုး မရှိဘူး၊ မိုးရွာရင် (ဥယျာဉ်အတွင်း) ရေနည်းနည်းရှိပြီး မိုးတိတ်ရင် ရေမရှိ တော့ဘူး”ဟု ဦးအောင်ထွေးက ပြောသည်။

ရေလွှမ်းခံရသည့် ဥယျာဉ် ၁၀ ဧက ခန့်တွင် ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်က ၃ဧကခန့်ပါဝင်ပြီး ကွမ်းသီးပင်များ သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျောက်စရစ်ကို ပဒိုင်းချောင်းစီး ဝင်သည့် ခမောင်းလှချောင်းအတွင်း ထုတ်လုပ်ပြီး ရရှိလာသည့် ကျောက် စရစ်များကို ကားဖြင့် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်စရစ်သယ်သည့် ကားများ သွားလာနိုင်စေရန် ပဒိုင်းချောင်းကို ဖြတ်ကာ လမ်းဖောက်လုပ်ထားပြီး ချောင်း အတွင်းတွင် ၁၀ပေခန့် အကျယ်ရှိသည့် တံတားကို အဆိုပါလုပ်ငန်းရှင်က တည် ဆောက်ထားကြောင်း ပဒိုင်းရွာသား အချို့ထံမှ သိရသည်။
ချောင်းအတွင်း ရေစီးရေလာ မကောင်းသည့်အတွက် မိုးရွာသွန်းမှုများ ချိန်တွင် ပတ်ဝန်းကျင်ရွာများဖြစ်သည့် ပခပ်အင်း၊ ကင်းကုန်း၊ ခေါင်တိုင် ပြင်နှင့် ရေဝိုင်းရွာများအထိ ရေလွှမ်း ခံနေရကြောင်း ပဒိုင်းချောင်းရွာသား ဦးကျော်သိန်းက ဆိုသည်။
“ရေကြီးလာပြီဆိုရင် ကလေးတွေ ကျောင်းမသွားရတော့ဘူး”ဟု ဦးကျော် သိန်းက ပြောသည်။

ဆောက်ထားသည့်တံတား ကျဉ်း မြောင်းခြင်းကြောင့် ရေလွှမ်းမိုးမှုများ ခံစားနေရသည့်အတွက် ဇူလိုင်လ ၂၀ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လိပ်မူကာ တိုင်ကြားထားသည်။
ဇူလိုင်လကုန်ပိုင်းက လမ်းဦးစီးဌာ န၊ ဆည်မြောင်းဌာန အစရှိသည့် ဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များက နှစ်ကြိမ်တိုင်တိုင် လာရောက်စစ်ဆေး ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေး ကြောင်း ပဒိုင်းချောင်း ရွာသား ဦးစိုးထိုက်က ဆိုသည်။
တံတားကျဉ်းသည့်အတွက် ရေ လွှမ်းခံနေရပါက တံတားဆောက်လုပ် သည့်ကုမ္ပဏီကို ခေါ်ယူကာ ပြန်ပြင်ခိုင်း မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ကျေးရွာ ၅ ရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၃၅၀ ခန့်နေထိုင် ကြောင်း ဒေသခံများထံမှ သိရသည်။