မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွင် ပုလောနှင့် သရက်ချောင်း တံခွန်စိုက်ဆု ဆွတ်ခူး

0
361

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး လက် ဝှေ့ပြိုင်ပွဲတွင် ပုလောမြို့နယ် အမျိုး သမီးအသင်းနှင့် သရက်ချောင်းမြို့နယ် အမျိုးသားအသင်းတို့က တံခွန်စိုက်ဆု ကို ဆွတ်ခူးခဲ့ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရ သည်။
ပုလောအမျိုးသမီးအသင်းက ရွှေ ၂ ခု၊ ကြေးနှစ်ခုဖြင့် တံခွန်စိုက်ဆု ရရှိခဲ့ပြီး၊ သရက်ချောင်း အမျိုးသား အသင်းက ရွှေ ၃ ခု၊ ငွေ ၂ ခုဖြင့် တံခွန်စိုက်ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် ကပြောသည်။

တံခွန်စိုက်ဆုကို အမျိုသားအသင်း နှင့် အမျိုးသမီးအသင်း သီးခြားခွဲပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
“ပုလောအသင်းမှာက မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်မှာ လေ့ကျင့်နေတဲ့သူ နှစ်ဦးပါလို့ ဆုရတာ။ သရက်ချောင်းက ရိုးရာလက်ဝှေ့ ကစားနေတဲ့သူတွေ ဝင် ပြိုင်ကြလို့ ရကြတာလို့ ထင်တယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ပုလော အမျိုးသမီးအသင်းတွင် လေးဦးဝင်ရောက်ယှဉ်ပြိုင်ရာ လေးဦး စလုံး ဆုတံဆိပ်ရရှိခဲ့ခြင်းဖြစ်ပြီး သရက်ချောင်း အမျိုးသားအသင်းက ၈ ဦးဝင်ပြိုင်ရာ ဆုတံဆိပ် ငါးဦး ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံ လက် ဝှေ့အဖွဲ့ချုပ်တွင် သီးသန့်လေ့ကျင့်နေ သူများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲဝင်သူ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦး ရှိကြောင်း ၎င်းက ပြောသည်။
မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစား ခန်းမတွင် ဩဂုတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ကြောင်း တိုင်းအား ကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။